မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွဆေးပြား ၃ သိန်းခွဲ ဖမ်းမိ
DVB
·
January 19, 2020
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်မှာ မနေ့ မနက်ပိုင်းက စိတ်ကြွဆေးပြား ၃ သိန်းခွဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၁၁ နာရီလောက်က မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်(၁)ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်ကားလမ်းမှာ အမျိုးသား ၁ ဦး (စိစစ်ဆဲ) မောင်းနှင်လာတဲ့ ဆိုင်ကယ်အား ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်အားထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဆိုင်ကယ်အား စစ်ဆေးရာ ဆာလာအိတ် ၂ လုံးအတွင်း ဖယောင်းစက္ကူတွေနဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၃၅၀,၀၀၀ ပြားတို့အား သိမ်းဆည်းရမိခဲ့တာပါ။
မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ အမျိုးသား ၁ ဦး(စိစစ်ဆဲ) အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။