ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ရန် လီဗာပူးနှင့် ချဲလ်ဆီး အပြိုင်အဆိုင်ဖြစ်
ဂျာမန်ကလပ် လိုက်ဇ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ လီဗာပူးနဲ့ ချဲလ်ဆီး အပြိုင်အဆိုင် ဖြစ်နေပါတယ်။
ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ မနေ့က ကစားသွားခဲ့တဲ့ ယူနီယံဘာလင်နဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ စုစုပေါင်းသွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။
တီမိုဝါနာရဲ့ ဂိုးသွင်းစွမ်းဆောင်ရည်တွေကြောင့် ဥရောပထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတွေကလည်း ခေါ်ယူ လိုနေတာ ဖြစ်ပါတယ်။
တီမိုဝါနာကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ လိဂ်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
သူဟာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့လည်း သတင်းထွက်နေပေမယ့် တိုက်စစ်မှူး လီဝန်ဒေါစကီး ရှိနေလို့ ခေါ်ယူဖို့ မရှိကြောင်း ဘိုင်ယန်ဘက်က ပြောဆိုခဲ့ဖူးပါတယ်။