A d v e r t i s e m e n t With Us

တိုက်စစ်ပိုင်းနှင့် အဆုံးသတ်စွမ်းရည် အားနည်းမှု ပြင်ရမည်ဟု ချဲလ်ဆီးနည်းပြ ပြော

ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အဆုံးသတ်စွမ်းရည် အားနည်းတာကို ပြင်ဆင်ရမယ်လို့ နည်းပြ လမ်းပတ်က ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက အဆုံးသတ် စွမ်းဆောင်ရည် အားနည်းခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။ ပွဲပြီးခါနီးမှာတော့ နယူးကာဆယ် ကွင်းလယ်လူ ဟေဒန်ရဲ့ သွင်းဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့ရပြီး အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ လမ်းပတ်က မကျေမနပ် ဖြစ်ခဲ့တာပါ။  ကစားသမားတွေကို အပြစ်တင်တာ မဟုတ်ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ ပါးနပ်မှုရှိဖို့ လိုအပ်ပြီး လေ့ကျင့်ရေးကွင်းမှာတော့ အဆုံးသတ်စွမ်းရည်နဲ့ ပတ်သက်ပြီး အခုထက်ပိုပြီးတော့ လေ့ကျင့်နိုင်မှာမဟုတ်ကြောင်း နည်းပြ လမ်းပတ်က ပွဲအပြီးမှာ ပြောပါတယ်။  အသင်းတသင်းအနေနဲ့ နေရာစုံကနေ ဂိုးသွင်းနိုင်သူတွေ ရှိပေမယ့် ဂိုးပေါက်ရှေ့မှာတော့ သွင်းဂိုးတွေ ပိုမိုလိုအပ်နေတယ်လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up