Homeသတင်းတို
အထက်တန်းစာမေးပွဲဖြေချိန် မီးရရန် နိုင်ငံပိုင်စက်ရုံများ လည်ပတ်မှု ရပ်ဆိုင်းပေးမည်
အထက်တန်းစာမေးပွဲဖြေချိန် မီးရရန် နိုင်ငံပိုင်စက်ရုံများ လည်ပတ်မှု ရပ်ဆိုင်းပေးမည်
DVB
·
February 22, 2013
လာမယ့် မတ်လ ၁၃ ရက် ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် အခြေခံပညာအထက်တန်း စာမေးပွဲ ဖြေဆိုချိန်ကာလမှာ ကျောင်းသူကျောင်းသားတွေ လျှပ်စစ်မီး မှန်မှန်ရဖို့အတွက် မတ် ၁ ရက်နေ့ကစလို့ နိုင်ငံပိုင်စက်ရုံတွေ လည်ပတ်မှုကို ညနေ ၅ နာရီကနေ မနက် ၅ နာရီအထိ ရပ်ဆိုင်းထားမယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သဘာဝဓာတ်ငွေ့ လိုအပ်ချက်အကြောင်း ဆွေးနွးစဉ် လျှပ်စစ်ဝန်ကြီးဌာနရဲ့ အကြောင်းကြားချက်ကို သူက ခုလို ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ကျောင်းသူကျောင်းသားတွေ စာမေးပွဲကာလ မတ် ၁ ရက်ကနေ ၂၂ ရက်နေ့အထိ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် ၁ ရက်ကို ကုန်းတွင်း သဘာဝဓာတ်ငွေ့ ၁၈ သန်းနဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ သန်း ၃၀ ဖြည့်ဆည်းပေးဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ညှိနှိုင်းထားကြောင်းလည်း သူက ရှင်းပြပါတယ်။