အင်းစိန်မြို့နယ်တွင် မီးလောင် (ဓာတ်ပုံ)
DVB
·
January 18, 2020
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်မှာ ဒီနေ့ နေ့လယ် ၁ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တလုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဝါယာရှော့ခ်ဖြစ်ရာမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကို မီးသတ်ကား ၁၀ စီး၊ ရေယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၈၀ လောက်နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် နေ့လယ် ၁ နာရီ ၂၅ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။