လီဗာပူးအသင်း ရလဒ်ကို စိတ်မဝင်စားကြောင်း မန်စီးတီးနည်းပြ ပြော

လီဗာပူးအသင်းရဲ့ရလဒ်တွေကို စောင့်ကြည့်နေဖို့ စိတ်မဝင်စားကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်စီးတီးကို ၁၄ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။  ဒီအခြေအနေမှာ လီဗာပူးအသင်းရဲ့ ရလဒ်တွေကို စောင့်ကြည့်ဖို့ စိတ်မဝင်စားတော့ဘဲ ကိုယ့်အသင်းကိုပဲ အာရုံစိုက် ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုခဲ့တာပါ။ လီဗာပူးအသင်းဟာ ပွဲပေါင် ၂၀-၂၁ ပွဲလောက်အထိ အနိုင်ရထားတာကြောင့် တခြားလိဂ်တွေက အသင်းတွေထက်တောင် ပိုပြီးကောင်းမွန်နေပြီး ၁၄ မှတ်အထိ ပြတ်သွားတဲ့ အခြေအနေကလည်း စိတ်ဝင်စားစရာ မရှိတော့ကြောင်း ဂွါဒီယိုလာက ဆိုပါတယ်။  လီဗာပူးအသင်းကို စောင့်ကြည့်နေတာထက်စာရင် ကိုယ့်အသင်းကိုပဲ ရာသီကုန်မှာ ဘယ်လို အနေအထားအထိ အောင်မြင်မှု ရယူနိုင်မလဲ ဆိုတာကို ပစ်မှတ်ထားတာက ပိုပြီးကောင်းမွန်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ လီဗာပူးအသင်းဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up