Home
မြန်မာသတင်း
ရေအား​လျှပ်စစ်စီမံကိန်း​ လူထုဆန္ဒ အ​လေး​ထား​မည်ဟု ကယား​ပြည်နယ်အစိုး​ရ ဆို
DVB
·
February 21, 2013
ကယား​ (ကရင်နီ) ပြည်နယ် သံလွင်မြစ်​ပေါ်မှာ တည်​ဆောက်မယ့်​ အကြီး​စား​ ​ရေအား​လျှပ်စစ်စီမံကိန်း​ဖြစ်တဲ့​ ရွာသစ်စီမံကိန်း​ကိစ္စက ပြည်သူလူထု​တွေရဲ့​ ဆန္ဒသ​ဘောထား​ကို ဦး​စွာရယူမယ်လို့​ ပြည်နယ်လျှပ်စစ်ဝန်ကြီး​ ဦး​စောဟူး​ဟူး​က ​ပြောပါတယ်။ ကယား​ပြည်နယ်အစိုး​ရက ဒီစီမံကိန်း​နဲ့​ ပတ်သက်လို့​ ပြည်သူရဲ့​ဆန္ဒသ​ဘောထား​ကို အ​လေး​ထား​မယ့်​အ​ကြောင်း​နဲ့​ တိုင်း​တာမှု လုပ်ငန်း​တွေကို​တော့​ ကုမ္ပဏီဘက်က အရင်တင်ပြထား​တဲ့​အတွက် ခွင့်​ပြု​ပေး​ထား​တယ်လို့​ သူက ​ပြောပါတယ်။ ဒီစီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ ၆၀၀ မဂ္ဂါဝပ် ထုတ်မှာဖြစ်ပြီး​ အခုအ​နေအထား​မှာ​တော့​ ​လေ့​လာတွက်ချက် တိုင်း​တာပြီး​မှသာလျှင် ပြည်သူလူထုကို ချပြရှင်း​လင်း​နိုင်မှာ ဖြစ်တယ်လို့​ ​ပြောပါတယ်။ ကရင်နီ လူမှုအဖွဲ့​အစည်း​များ​ ကွန်ရက် (​ကေစီအက်စ်အန်) မှ ခူး​တော်ရယ်က​တော့​ ဒီစီမံကိန်း​က​နေ လျှပ်စစ်ဓတ်အား​ မဂ္ဂါဝပ် ၄၀၀၀ ခန့်​ ထုတ်မှာဖြစ်တယ်လို့​ တရုတ်ကုမ္ပဏီရဲ့​ ဝက်ဆိုက်မှာ ​ဖော်ပြထား​ချက်ကို ကိုး​ကား​ပြောဆိုပါတယ်။ ဒီ​လောက်ကြီး​မား​တဲ့​စီမံကိန်း​ဟာ စိုက်ပျိုး​မြေ​တွေ ​ရေလွှမ်း​မယ့်​ အ​နေအထား​မျိုး​ ရှိနိုင်တယ်လို့​လည်း​ သူက ခန့်​မှန်း​ပြောဆိုသလို တာဝန်ရှိသူ​တွေဘက်က ပွင့်​ပွင့်​လင်း​လင်း​ လူထုကို အသိ​ပေး​ဖို့​လိုတယ်လို့​ ဆိုပါတယ်။ လွန်ခဲ့​တဲ့​လပိုင်း​တွေတုန်း​က ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ)နဲ့​ အစိုး​ရ ပြည်​ထောင်စုအဆင့်​ ပထမအကြိမ် ငြိမ်း​ချမ်း​ရေး​ဆွေး​နွး​ပွဲ သ​ဘောတူညီချက်​တွေမှာလည်း​ ဒီရွာသစ် ​ရေအား​လျှပ်စစ်စီမံကိန်း​ အ​ကောင်အထည်​ဖော်မယ့်​ကိစ္စနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူလူထုနဲ့​ လူမှုအသင်း​အဖွဲ့​တွေကို အစိုး​ရက​နေပြီး​ ပွင့်​လင်း​မြင်သာမှုရှိဖို့​အတွက် သ​ဘောတူထား​ပြီး​ဖြစ်ပါတယ်။ ​ဘော်လခဲမြို့​နယ်အတွင်း​ရှိ ​ရေအား​လျှပ်စစ်စီမံကိန်း​တွေကိုလုပ်ဖို့​ အစိုး​ရနဲ့​ တရုတ်အစိုး​ရပိုင် Datang ​ကော်ပို​ရေး​ရှင်း​တို့​ဟာ ၂၀၁၀ နှစ်ဆန်း​ပိုင်း​ ကတည်း​က လက်မှတ်​ရေး​ထိုး​ခဲ့​တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024