A d v e r t i s e m e n t With Us

အေဂျက်ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်ကို ရီးရဲလ်အသင်း လာမည့်နွေရာသီ ခေါ်ယူနိုင်ဖွယ်ရှိ

Reuters
ရီးရဲလ်မက်ဒရစ်အသင်းဟာ အေဂျက်ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်ကို လာမယ့် ‌နွေရာသီမှာ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်းကလည်း အေဂျက်ကွင်းလယ်လူကို စိတ်ဝင်စား‌နတေယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က လက်ဦးမှုရယူနိုင်ဖို့ အကောင်းဆုံး အခြေအနေမှာရှိနေပြီး ပေါင် ၅၅ သန်းနဲ့ ခေါ်ယူနိုင်မယ့် သဘောမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီကတည်းက ပြောင်းရွှေ့ဖို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ကမ်းလှမ်းခဲ့ပေမဲ့ အေဂျက်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အသက် ၂၂ အရွယ် ကစားသမားဟာ နယ်သာလန်လက်ရွေးစင် အသင်းမှာလည်း ပုံမှန်ရွေးချယ်ခံနေရသူဖြစ်ပြီး မိုဒရစ်နေရာမှာ အစားထိုးဖို့ ရီးရဲလ်ဘက်က ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up