ဂရင်းဝုဒ်ကို အင်္ဂလန်အသင်းတွင် ရွေးချယ်ရန် နည်းပြဆောက်ဂိတ် ပြင်ဆင်

မန်ယူနိုက်တက်တိုက်စစ်မှူး မာဆန်ဂရင်းဝုဒ်ကို ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းမှာ ရွေးချယ်ဖို့ နည်းပြဆာက်ဂိတ်က ပြင်ဆင်နေပါတယ်။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ မာဆန်ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး စုစုပေါင်း ပွဲ ၃၀ မှာ ၉ ဂိုးသွင်းယူထားတာပါ။  မန်ယူနည်းပြ ဆိုးလ်ရှားကိုယ်တိုင်က ဂရင်းဝုဒ်ကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ဖို့ စောလွန်းသေးကြောင်း ဝန်ခံထားပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ဂရင်းဝုဒ်ကို ရွေးချယ်ဖို့ ပြင်ဆင်နေတာပါ။  သတင်းအရင်းမြစ်တွေရဲ့ အဆိုအရတော့ ဂရင်းဝုဒ်ဟာ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ ဘယ်ခြေနဲ့ရော ညာခြေနဲ့ပါ ဂိုးသွင်းယူနိုင်တာကြောင့် ယူရိုပြိုင်ပွဲ ကစားမယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။  ယူရိုပြိုင်ပွဲကို လာမယ့်ဇွန်လ ကျင်းပမှာဖြစ်လို့  ဂရင်းဝုဒ်အနေနဲ့ လက်ရှိခြေစွမ်းအတိုင်းသာ ခြေစွမ်းပြကစားနိုင်ပြီး ဂိုးတွေ သွင်းယူနိုင်မယ်ဆိုရင်တော့ အင်္ဂလန်အသင်းဘက်က ရွေးချယ်သွားဖို့  ရှိနေတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up