လေဗာကူဆန် ကွင်းလယ်ကစားသမား ကိုင်ဟာဗတ်စ်ကို ပေါင် ၁၀၇ သန်းဖြင့် လီဗာပူး ကမ်းလှမ်း

လီဗာပူးအသင်းဟာ ဂျာမန်ကလပ် လေဗာကူဆန်က အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ကိုင်ဟာဗာတ်စ်ကို ပေါင် ၁၀၇ သန်းထိ ပေးကာကမ်းလှမ်းလိုက်ပြီး ပြိုင်ဘက်အသင်း တွေထက် နှာတဖျားအသာ အနေအထားကို ရောက်ရှိလာပါတယ်။  စပိန်သတင်းစာ မန်ဒိုဒီပေါ့တီဗိုရဲ့ ဖော်ပြချက်အရဆိုရင်တော့ ဟာဗာတ်စ်ကို ခေါ်ယူဖို့ မန်ယူနိုက်တက်၊ ဘာစီလိုနာနဲ့ ဘေယန်မြူးနစ်အသင်းတို့က အပြိုင်အဆိုင်ကြိုးပမ်းနေပေမယ့် အခုအခါတော့ မာဆေးလ်ဆိုဒ်ကလပ်က မထင်မှတ်တဲ့အနေအထားကနေ ကစားသမားကို ကမ်းလှမ်းလိုက်တာပါ။ အဲ့ဒီလူငယ်ကစားသမားလေးဟာ ၁၂၆ ပွဲ ကစားထားရာမှာ ၃၁ ဂိုး သွင်းယူပေးထားပြီး ၂၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားသူလည်းဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ကတော့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကွင်းလယ်လူ လယ်လာနာကို လာမယ့် ရာသီအကုန်မှာ ‌အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိနေလို့ ကိုင်ဟာဗာတ်စ်ကို အရခေါ်ယူဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up