Homeမြန်မာသတင်း
နယ်လှည့်ဈေးသည် ၂ ဦးကို အေအေအဖွဲ့က နှိပ်စက်သတ်ဖြတ်ခဲ့ဟု တပ်မတော်ပြော၊ အေအေဘက်က ငြင်းဆို
နယ်လှည့်ဈေးသည် ၂ ဦးကို အေအေအဖွဲ့က နှိပ်စက်သတ်ဖြတ်ခဲ့ဟု တပ်မတော်ပြော၊ အေအေဘက်က ငြင်းဆို
DVB
·
January 16, 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ လှည့်လည်ဈေးရောင်းချတဲ့ အမျိုးသား ၂ ဦး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာဟာ အေအေအဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ တပ်မတော်က ပြောဆိုလိုက်ပြီး အေအေ ဘက်ကတော့ မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ မောင်ရာဇာထွန်း (၂၂)နှစ်နဲ့ ဦးစိုးနိုင်(ခ) ကိုရင်ကြီးတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကို ဈေးရောင်းသွားရာက ပျောက်ဆုံးခဲ့ပြီး သူတို့နှစ်ဦးကို အသတ်ခံခဲ့ရတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာ ခုရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီဈေးရောင်းချသူ နှစ်ဦး အသတ်ခံရတာလည်း အေအေရဲ့ လက်ချက်ပါပဲ။ ဒီနေ့အထိ အေအေက သတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၂၉ ဦးရှိပြီး သူတို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးခဲ့တဲ့ အရပ်သား ၁၁ ဦး၊ ဒဏ်ရာရ ရှိသူ ၂၆ ဦးရှိပါတယ်”လို့ ပြောပါတယ်။
အေအေဘက်ကတော့ ပုဏ္ဏကားကျေးရွာသား ၂ ဦး အသတ်ခံရတဲ့ ဖြစ်စဉ်ဟာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုပါတယ်။