ဒေသတွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုအားနည်းနေ
သူသူအောင်
·
January 16, 2020
မြန်မာ၊ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အမျိုး သမီးတွေရဲ့အခန်းကဏ္ဍပါဝင်မှုတွေနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၆ရက်က ရန်ကုန်မြို့ ဂရင်းဟေးလ် ဟိုတယ်မှာ ဆွေးနွေးပွဲကျင်းပါတယ်။
မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခဲ့ခဲ့ရတာနဲ့ အမျိုးသမီးပါဝင်မှုအားနည်းတာတွေနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ တွဲဖက်အတွင်းရေးမှူး-၁ နန်းမိုးမိုးက ပြောပါတယ်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အမျိုးသမီးများဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ စာနယ်ဇင်းတွေနဲ့ သီရိလင်္ကာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံက ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသမီးတွေတက်ရောက်ခဲ့ပါတယ်။