အင်တာမီလန်က  အဲရစ်ခ်ဆင်ကို ပေါင် ၈ သန်းခွဲဖြင့် ကမ်းလှမ်းသော်လည်း စပါးအသင်း လက်မခံ

အင်တာမီလန်အသင်းအနေနဲ့ ကွင်းလယ်ကစားသမား  အဲရစ်ခ်ဆင်ကို ပေါင် ၈ ဒသမ ၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းက ပယ်ချလိုက်ပါတယ်။   ဒါပေမယ့် အီတလီကလပ်ဘက်ကတော့ လက်မလျှော့သေးသလို နှစ်ဆတိုးပေးပြီး ပေါင်သန်း ၂၀ နဲ့ထပ်မံ ကမ်းလှမ်းမယ်လို့ ပြောပါတယ်။  အဲရစ်ခ်ဆင်ဟာ စပါးအသင်းနဲ့ လာမယ့်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်ကစားသမားလည်း ဖြစ်ပါတယ်။ စပါးနည်းပြမော်ရင်ဟိုကတော့ မစ်ဒယ်ဘရော့အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ  အဲရစ်ခ်ဆင်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ချီးကျူးပြောဆိုထားသလို အဲရစ်ဆင်ဟာ အသင်းကနေ ထွက်ခွာချိန်ကျရင် ခေါင်းမော့ပြီးထွက်သွားလိုတဲ့ သဘောမှာရှိနေပြီးတော့ ပရော်ဖက်ရှင်နယ်ပီသ စွာ အကောင်းဆုံးအသင်းအပေါ်မှာ ပေးဆပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ခ်ဆင်ကို မန်ယူနိုက်တက်၊ ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတွေကလည်း စိတ်ဝင်စားနေပြီး အင်တာမီလန်အသင်းက အတိအလင်း ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up