A d v e r t i s e m e n t With Us

တရုတ်နယ်စပ်တွင် ထိုင်ဝမ်ဘက်က  စစ်ရေးတပ်လှန့်ထား

Reuters
ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ စိုင်းအင်ဝမ် ထပ်မံရွေးကောက်ခံရပြီးနောက် ဇန်နဝါရီလ ၁၅ ရက်က တရုတ်နယ်စပ် ထိုင်ဝမ်ဘက်အခြမ်းမှာ စစ်ရေးအရ တပ်လှန့်ထားပါတယ်။ ချီရာယီ လေတပ်စခန်းမှာ အရေးပေါ်အခြေအနေအတွက် စစ်ရေးလေ့ကျင်တာတွေ လုပ်ခဲ့ပါတယ်။ ထိုင်ဝမ်လေတပ်နဲ့ တိုက်လေယာဉ်တွေအဖို့  တရုတ်နိုင်ငံ စိန်ခေါ်မှုက တကယ်ရှိနေပါတယ်။  အဲဒီလေတပ်စခန်းမှာ ပထမဆုံးအကြိမ်  အဆင့်မြင့် F-16V တိုက်လေယာဉ်တွေ ဖြန့်ကြက်ထားပြီး   F-16V တိုက်လေယာဉ်တွေဟာ အဆင့်မြင့် ရေဒါတွေ၊ အီလက်ထရွန်းနစ်စနစ်တွေ ပါရှိကာ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်တွေကို  တပ်ဆင်သွားမှာပါ။ တရုတ်နိုင်ငံဟာ တနှစ်ကို ဗုံးကြဲလေယာဉ် အစင်း ၂၀၀၀ လောက် ထိုင်ဝမ်ရေလက်ကြားကို စေလွှတ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကာကွယ်ရေးဝန်ကြီး ပါလီမန်ကို ပြောခဲ့ပါတယ်။ ရွေးကောက်ခံ သမ္မတ စိုင်းအင်ဝမ်က ရေငုပ်သင်္ဘောလို အဆင့်မြင့်ပစ္စည်းတွေ ဖန်တီးနိုင်စေဖို့ ပြည်တွင်းလက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို အဆင့်မြှင့်တာ အပါအဝင် ထိုင်ဝမ်ရဲ့ ကာကွယ်ရေးကို  ထိပ်တန်းဦးစားပေး အားဖြည့်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up