Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
January 16, 2020
အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Sci-fi Horror အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Underwater ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမွဏီ 20th Century Fox က ဖြန့်ချိပေးသွားမှာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ William Eubank က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ငလျင်လှုပ်ခတ်မှုကြောင့် သမုဒ္ဒရာ ရေအောက်စခန်း ပျက်စီးသွားချိန်မှာ သုတေသီ ၆ ယောက်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အကြောင်း ကို ရှုစားကြရမှာ ဖြစ်ပါတယ်။ သူတို့ ဒီအခြေအနေက လွတ်မြောက်အောင် ဘယ်လိုတွေ ဆက်ပြီးလုပ်ကြမလဲ၊ ရေအောက်မှာ ဘယ်လိုသွေးပျက်ထိတ်လန့်စရာကောင်းတဲ့ အခြေ အနေတွေနဲ့ ကြုံတွေ့ကြရဦးမလဲဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြ ရမှာ ဖြစ်ပါတယ်။  ဒီကားထဲမှာတော့ Twilight ရုပ်ရှင်စီးရီးတွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ်သရုပ် ဆောင်မင်းသမီး Kristen Stewart နဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Vincent Cassel ၊ Jessica Henwick၊ John Gallagher Jr.၊ Mamoudou Athie နဲ့ T.J. Miller တို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။  ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Di‌alog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှု ဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကို ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၈၀ အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၄ သန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လက်ရှိရုံတင်ပြသ နေတာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူးခြားခြား Legal Drama အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Just mercy !  ဒီကားကိုတော့ Short Term 12 ၊ The Glass Castle ရုပ်ရှင်တွေနဲ့ ပရိသတ် တွေ သိကြတဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Destin Daniel Cretton က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး Warner Bros. Pictures ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကတော့ တရားမျှတမှုအတွက် မှားယွင်းစွာ အပြစ်ချမှတ်ခံရတော့မယ့် တ ရားခံတယောက်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ရှေ့နေတယောက်အ ကြောင်းကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ၁၉၈၆ ခုနှစ်က အမေရိကန်နိုင်ငံ၊ အယ်လ်ဘား မားပြည်နယ်ထဲမှာ အမျိုးသမီးတယောက် အသတ်ခံရမှုအတွက် လူမည်းအမျိုးသားတ ယောက်ဟာ သံသယရှိတဲ့ တရားခံအဖြစ် စွပ်စွဲခံခဲ့ရပြီး သေဒဏ်ချမှတ်ခံရဖို့ ရှိနေပါ တယ်။ ဒါပေမယ့် သူပြစ်မှု မကျူးလွန်တာကို အားလုံးက သိနေခဲ့ကြပေမယ့် ဘာမှဆက်မ လုပ်နိုင်ပဲ ရှိနေချိန်မှာ အမှန်တရားရဲ့ ဘက်တော်သား ရှေ့နေ Bryan Stevenson က ဒီအမှုကို ကိုင်တွယ်ဖို့ ဖြစ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ တကယ်ရော လွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ဒီကားထဲမှာ  အနိမ့်အမြင့် အတက်အကျ ဇာတ် လမ်း၊ ဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ Michael B. Jordan ၊ Jamie Foxx ၊ Rob Morgan ၊ Brie Larson တို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Di‌alog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျုးမှုတွေလည်း ရရှိထားခဲ့ပါ တယ်။ ဒီကားထဲက သရုပ်ဆောင်မင်းသား Jamie Foxx ဟာ African-American Film Critics Association က ရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ဒီကားနဲ့ ရရှိထားခဲ့ပြီး အမေရိကန်အခြေစိုက် National Board of Review က တော့ ဒီရုပ်ရှင်ကို Freedom of Expression Award ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ကြာမြင့်ချိန် ၁၃၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီး Iron Man မင်းသား Robert Downey Jr. ကို ပုံစံတမျိုးနဲ့ ရှုစားကြရမယ့် ဟောလိ ဝုဒ်ရုပ်ရှင်-Dolittle ! Fantasy, Adventure, Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို တော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Stephen Gaghan က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပြီး နာမည်ကြီးရုပ်ရှင်ကုမွဏီ Universal Pictures ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါ တယ်။ ဒီကားကတော့ ၁၉၂၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဗြိတိန်စာရေးဆရာ Hugh Lofting ရဲ့ The Voyages of Doctor Dolittle စာအုပ်ကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံ ဖော်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် Dr. Dolittle ဟာ နာမည် ကျော်ဆရာဝန်၊ တိရစ္ဆာန်ဆေးကုဆရာဝန်တယောက်ဖြစ်ပါတယ်။ သူချစ်ရတဲ့ ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး အချိန် ၇ နှစ်အကြာမှာ သူဟာ ဘဝကို ပေါ့ပေါ့ပါးပါး တကိုယ်တည်း ဖြတ်သန်းနေသူတယောက်ပါ။ အဲဒီအချိန်မှာ Queen Victoria တယောက် ပြင်းပြင်းထန် ထန် နေမကောင်းဖြစ်ပြီး ဒါကို ကုသနိုင်ဖို့  Dr. Dolittle ရဲ့ တာဝန်ဖြစ်လာချိန်မှာတော့ တောထဲမှာ ဆေးမြစ်တွေ၊ ဆေးဘက်ဝင်သစ်ဉသစ်ဖုတွေ ရှာဖွေဖို့ စွန့်စားခရီးထွက်ချိန်မှာ ဘာတွေ ကြုံတွေ့ရမလဲ၊ တိရစ္ဆန်တွေနဲ့ ပြောဆိုဆက်သွယ်နိုင်တဲ့ သူ့ရဲ့ အစွမ်းကို သိရပြီး နောက် ဘယ်လိုအခြေအနေတွေ၊ စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဒီ ကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်စတား Robert Downey Jr. ကို Dr. Dolittle အနေ နဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ Antonio Banderas ၊ Michael Sheen ၊ Jessie Buckley တို့ကလည်း ပါဝင်ထားကြတာပါ။ နောက်ပြီး ဒီကားထဲမှာ တိရစ္ဆာန်တွေရဲ့ နေရာမှာ အသံနဲ့ Voice Casts သရုပ်ဆောင်တွေအနေနဲ့ Emma Thompson ၊ Rami Malek ၊ John Cena ၊ Octavia Spencer ၊ Tom Holland ၊ Ralph Fiennes နဲ့ Selena Gomez စတဲ့ နာမည်ကျော်တွေက ပါဝင်သရုပ် ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့် မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.3 အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတ ကား ဖြစ်ပါတယ်။ ဒီကားကို ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံရိုက်ကူးထား ပြီး Box Office မှာတော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ် မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ သန်း ၃၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ကြာမြင့်ချိန် ၁၀၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇန်နဝါရီလ ၁၇ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကိုရီးယားရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Ashfall ! အက်ရှင်ဒရာမာ အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ ကိုရီး ယားရုပ်ရှင်ဒါရိုက်တာ Lee Hae-jun က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး CJ Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ၊ Baekdu တောင်ပေါ်မှာ မီးတောင်တလုံး ရုတ်တရက်ပေါက်ကွဲ သွားခဲ့ပါတယ်။ ဒါက တကယ့်ဖြစ်ရပ်မှန်တခုဖြစ်ပြီး အဲဒီမီးတောင်ဟာ ၁၉၀၃ ခုနှစ်တုန်း က နောက်ဆုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ခုရုပ်ရှင်ထဲမှာတော့  အဲဒီမီးတောင်ပေါက်ကွဲမှု ကြောင့် ကိုရီးယားကျွန်းဆွယ်တခုလုံးအတွက် အန္တရာယ်ကျရောက်တော့မယ့်ဆဲဆဲအ ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီသဘာဝဘေးအန္တရာယ်တွေကြားက လွတ်မြောက် နိုင်ဖို့ တောင်နဲ့မြောက်ကိုရီးယား ပူးပေါင်းမှု စွန့်စားခန်းတွေကို ဒီကားထဲမှာ ပရိသတ် တွေက အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ကိုရီးယားနာမည်ကြီး မင်းသား၊ ဟောလိဝုဒ်ထိ ခြေဆန့်နိုင်နေပြီဖြစ်တဲ့ သဘာဝမင်းသားတလက်ဖြစ်တဲ့ မင်း သား Lee Byung-Hun နဲ့ မင်းသား  Ha Jung-woo ၊ ခုနောက်ပိုင်း အနုအကြမ်း ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကြား ထင်ရှားတဲ့ သရုပ်ဆောင်မင်းသား Ma Dong- Seok တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး Bae Suzy နဲ့ Jeon Hye-jin တို့က ခေါင်းဆောင်ပါ ဝင်ထားကြပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.9 အထိ ရရှိထားခဲ့တဲ့ ဇာတ်ကား ကောင်းတကားဖြစ်ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၇ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ နှစ်ကုန်သီတင်းပတ်ရဲ့ Box Office ရုံတင်ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တယ်လို့ Yonhap သတင်းအေဂျင်စီက ဆို ပါတယ်။ ကြာမြင့်ချိန် ၁၂၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ ၁၉ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသနေတာမို့ ပ ရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည်ကြီးမင်းသား Will Smith ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဟောလိဝုဒ်ရုပ်ရှင်- Bad Boys for Life ! ဒီရုပ်ရှင်ကိုတော့ ဘယ်လ်ဂျီယမ်ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Adil El Arbi နဲ့ Bilall Fallah တို့က ရိုက်ကူးပုံဖော်ထားပြီး Sony Pictures Releasing ကနေ ဖြန့်ချိပေး သွားမှာ ဖြစ်ပါတယ်။ Bad Boys လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီး Bad Boys ရုပ်ရှင်စီးရီးတွေကို ပြန်ပြီးတော့ အမှတ်ရကြမယ်ထင်ပါတယ်။ ဒီကားကတော့ ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Bad Boys ၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Bad Boys II ရုပ်ရှင်ကားတွေရဲ့ Bad Boys Triology ရဲ့ နောက်ဆုံးရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာတော့ အသက်အရွယ်ရလာကြပြီဖြစ်တဲ့ Mike နဲ့ Barnett တို့ သူငယ်ချင်းနှစ်ယောက်ဟာ အရင်လိုတပူးတွဲတွဲမနေနိုင်တော့ဘဲ မတူညီတဲ့ ဘဝအသီးသီးနဲ့ ရှင်သန်နေခဲ့ကြပါတယ်။ Barnett ကတော့ Inspector တယောက်ဖြစ် နေပြီး Mike ကတော့ သူနဲ့ အမူအကျင့်စရိုက်တွေ ကွဲလွဲတဲ့ မျိုးဆက်သစ်ရဲတွေကို လေ့ကျင့်ပေးနေရပါတယ်။ အဲဒီအချိန်မှာပဲ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တယောက်က ထ ကြွလာတဲ့အချိန်မှာတော့ Mike နဲ့ Barnett တို့ပြန်ပူးပေါင်းခဲ့ကြပြီး ဘယ်လိုဖြိုခွင်းကြမ လဲဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေ က ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် Bad Boys ရုပ်ရှင်ကားတွေထဲမှာ အတွဲညီညီ ခေါင်း ဆောင်ပါဝင်ခဲ့ကြတဲ့ ဟောလိဝုဒ်စတား မင်းသား ၂ လက်ဖြစ်ကြတဲ့ Will Smith နဲ့ Martin Lawrence တို့ကို ပြန်လည်ပြီးတော့ ရှုစားကြရမှာ ဖြစ်ပါတယ်။ သူတို့နဲ့အတူ တ ခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Vanessa Hudgens ၊ Alexander Ludwig ၊ Charles Melton ၊ Nicky Jam စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ အရင် Bad boys ရုပ်ရှင်ကားတွေက Box Office ရုံတင်ဝင်ငွေ စံချိန်တင်ရရှိ ခဲ့တာမို့ ခုထွက်လာမယ့် ရုပ်ရှင်ကရော စံချိ်န်တင်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပါတယ်။ ဒီကားကို ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၉၀ အကုန်အကျခံရိုက်ကူးထားပြီး Box Office မှာတော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ် မှာ တင် ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၄၀ နဲ့ ၄၅ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။   Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024