AFC U 23 ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်း ကွာတားဖိုင်နယ်တက်

Photo : Asian Football Confederation
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပဲ့ AFC ချန်ပီယံရှစ် အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင် ထိုင်းအသင်းနဲ့ အီရတ်အသင်းတို့ တဖက် တဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ ထိုင်းအသင်းက ပထမပိုင်း ၆ မိနစ်မှာ ပင်နယ်တီရပြီး တဂိုးအသာနဲ့ ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်မှာပဲ အီရတ်အသင်းက မိုဟာမက်ကွာဆန်က ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး တဖက်နဲ့ တဖက် ဂိုးထပ်မသွင်းနိုင်ကြလို့ သရေကျသွားခဲ့တာပါ။  ထိုင်းအသင်းက ဒီပွဲမှာ သရေကျခဲ့ပေမယ့် ၃ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၄ မှတ်နဲ့  အုပ်စု ဒုတိယနဲ့ ကွာတားဖိုင်နယ် တက်သွားပါတယ်။ အလားတူ ဩစတေးလျအသင်းကလည်း ဘာရိန်းနဲ့ အသင်းနဲ့ တဖက် တဂိုးစီ သရေကျပြီး ရမှတ် ၅ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up