အ​မေရိကန်တွင် ​သေနတ်ဖြင့်​ ပစ်ခတ်မှု​ကြောင့်​ ၄ ဦး​ ​သေဆုံး

အ​မေရိကန်ပြည်​ထောင်စု ကယ်လီဖိုး​နီး​ယား​တောင်ပိုင်း​မှာ အချိန်ပိုင်း​ ​ကောလိပ် ​ကျောင်း​သား​ တဦး​ဟာ ​ဖေ​ဖော်ဝါရီ ၁၉ ရက်​နေ့​က ​သေနတ်ပစ်ခတ်တာ​တွေ လုပ်ခဲ့​တာ​ကြောင့်​ သူကိုယ်တိုင်အပါအဝင် လူ ၄ ဦး​ ​သေဆုံး​သွား​တယ်လို့​ ရဲတပ်ဖွဲ့​က ​ပြောပါတယ်။ ကယ်လီဖိုး​နီး​ယား​ပြည်နယ် ​အောရိန့်​ခ်ျ​ကောင်တီ စီရင်စုက ဆက်ဒလ်ဘက်ခ် အသက် ၂၀ အရွယ် ​ကောလိပ်​ကျောင်း​သား​ အလီဆယစ်ဒ်ဟာ အိမ်မှာလည်း​ အမျိုး​သမီး​ ၁ ဦး​ကို သတ်ပစ်ခဲ့​ပါတယ်။ ဒါ့​အပြင် ​နောက်ထပ် ၂ ဦး​ကိုလည်း​ ​မော်​တော်ကား​ ခိုး​ယူ လုယက်တဲ့​ ဖြစ်စဉ်​တွေမှာ သတ်ဖြတ်လိုက်တာလို့​ ဆိုပါတယ်။ [caption id="attachment_36661" align="alignleft" width="150" caption="အသက် ၂၀ အရွယ် ​ကောလိပ်​ကျောင်း​သား​ အလီဆယစ်ဒ်"][/caption] ဆယစ်ဒ်ဟာ သူ ကိုင်​ဆောင် ပစ်ခတ်တဲ့​ ​သေနတ်တိုကို သူ့​အိမ်က​နေ ယူ​ဆောင်လာတာဖြစ်ပြီး​ ခုလို ပစ်ခတ်မှု ဖြစ်သွား​ရတဲ့​ အ​ကြောင်း​ကို​တော့​ ရှင်း​ရှင်း​လင်း​လင်း​ မသိရ​သေး​ဘူး​လို့​ အာဏာပိုင်​တွေက ​ပြောပါတယ်။ ဖုန်း​ခေါ်ဆိုမှုတခု လက်ခံရရှိခဲ့​လို့​ လာဒီရာရန့်​ခ်ျရှိ ဆယစ်ဒ်ရဲ့​ ​နေအိမ်ဆီ ​ရောက်သွား​ရာမှာ အသက် ၂၀ ​လောက်ရှိတဲ့​ အမျိုး​သမီး​တဦး​ ​သေနတ်ပစ်သတ်ခံထား​ရတာကို အာဏာပိုင်​တွေ ​တွေ့​ရှိခဲ့​ရပြီး​ ဆယစ်ဒ်နဲ့​ အဲဒီအမျိုး​သမီး​ကြား​က ဆက်ဆံ​ရေး​ကို စုံစမ်း​နေဆဲဖြစ်တယ်လို့​ အဲဒီနယ်​မြေ အုပ်ချုပ်​ရေး​ဌာန ​ပြောခွင့်​ရ ဂျင်မ် အာ​မော်မီနိုက ​ပြောပါတယ်။ ​သေနတ်သမား​ ဆယစ်ဒ်ဟာ ကား​လုယက်​မောင်း​ပြေး​မှုကို ၂ ကြိမ် ထပ်ကျူး​လွန်ခဲ့​ပြီး​ အဲဒီကား​မောင်း​ပြေး​မှုမှာ ​နောက်ထပ် လူ ၂ ဦး​လည်း​ ​သေဆုံး​သွား​ ရခဲ့​ပါတယ်။ ထပ်စတင်၊​ ဆန်တာအန်နာ မြို့​တွေက​နေ ကား​မောင်း​ပြေး​လာတဲ့​ ဆယစ်ဒ်ကို ဗီလာပါ့​ခ်အနီး​က မြို့​မှာ အာဏာပိုင်​တွေက ခိုး​လာတဲ့​ကား​ထဲက​နေ ဆွဲထုတ်လိုက်ချိန်မှာ​တော့​ ​သေနတ်သမား​ဟာ သူ့​ရဲ့​သေနတ်တိုနဲ့​ သူ့​ကိုယ်သူ ပစ်သတ်လိုက်တာလို့​ ရဲတပ်ဖွဲ့​က ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up