နာဂရိုးရာနှစ်သစ်ကူးပွဲတော် နှစ် ၃၀ ပြည့် ပုလဲရတု ဇင်္ဂလိန်း-ခန္တီးမြို့တွင်ကျင်းပ
DVB
·
January 15, 2020
နာဂရိုးရာနှစ်သစ်ကူးပွဲတော် နှစ် ၃၀ ပြည့်၊ ပုလဲရတုပွဲတော် မုခ်ဦးဖွင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၁၄ ရက် မနက်က စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ရှိ နာဂရိုးရာကွင်းမှာ ကျင်းပပါတယ်။
ပွဲတော်မှာ တံခွန်တိုင်စိုက်ထူတာ၊ ဆုတောင်းတိုင်စိုက်ထူတာနဲ့ အားကစားပွဲတွေလည်း ထည့်သွင်းကျင်းပနေပြီး ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာတော့ မီးပုံပွဲဖွင့်လှစ်တာ၊ ရိုးရာယဉ်ကျေးမှု ကပွဲတွေနဲ့ တေးဂီတဖျော်ဖြေဖို့ရှိတယ်လို့ နာဂစာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးရှမ်းမော်က ပြောပါတယ်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးမြို့နယ်တွေက ရိုးရာအကအဖွဲ့တွေက လာရောက်ဖျော်ဖြေကြပါတယ်။
သတင်း- အောင်ဆန်းမြင့်