စိတ်ဝင်စားဖွယ် ဘောလုံးအားကစား သတင်းတိုထွာ

906
စပါးနည်းပြ မော်ရင်ဟိုဟာ ဒဏ်ရာကြောင့် အနားယူရတော့မယ့် တိုက်စစ်မှူး ဟယ်ရီကိန်း နေရာကို အစားထိုးဖို့ တိုက်မှူးတွေကို ရှာဖွေနေပြီး အေစီမီလန်အသင်းက ပီယာတက်ခ်၊ နာပိုလီအသင်းရဲ့ လော်ရန်တေးနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက ဘန်တီကီတို့ကို ပစ်မှတ်ထားနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတိုက်စစ်မှူး သောမတ်မူလာဟာ သူ့ရဲ့နှစ် ၂၀ ကြာ ဘိုင်ယန် ကစားသမားဘဝကို လာမယ့်နွေရာသီမှာ အဆုံးသတ်သွားဖို့ ရှိနေပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
စပါးအသင်းရဲ့ ဒိန်းမတ် ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းနဲ့ တပတ်ကို ပေါင် ၁ သိန်း ရရှိမယ့် စာချုပ်တရပ်ကို သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပြီး စပါးအသင်းကနေ ထွက်ခွာဖို့ ပိုမိုနီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။
စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥဂုဂွေး တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး သူ့ကို မခေါ်ယူနိုင်ခဲ့ရင် အာဆင်နယ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး လာကာဇတ်တီကို အစားထိုး ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူး ဒယ်နီရယ်အင့်စ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ထိုက်တန်တဲ့ ကစားသမားလို့ လက်စတာနည်းပြ ရော်ဂျာက ပြောဆိုလိုက်ပါတယ်။ ရော်ဂျာဟာ လီဗာပူးအသင်းကို ကိုင်တွယ်စဉ်မှာ အင့်စ်ကို ခေါ်ယူခဲ့သူ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်လူ ရှာကီရီကို အငှားနဲ့ခေါ်ယူမယ့် ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှူး ဘန်တီကီကို ပြန်လည်ခေါ် ယူသွားဖို့ ပြင်ဆင်နေပါတယ်။
အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး မိုရာတာဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ ပင်နယ်တီမကန်ခင် အော့အန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အာဆင်နယ်အသင်းကို ၂၀၂၁ ခုနှစ်မှာ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ နိုင်ဂျီးရီးယား ဘီလီယံနာ အလီကိုဒန်ဂိုတီက ပြောပါတယ်။