ကရင်ရိုးရာ စပါးလိပ်ပြာခေါ်ပွဲ
DVB
·
January 13, 2020
စပါးအထွက်နှုန်းကောင်းမွန်စေဖို့ ရည်ရွယ်တဲ့ စပါးလိပ်ပြာခေါ်ပွဲ (ခ) စပါးကို စောင့်ရှောက်တဲ့ ဖိ့ဘူးယော်နတ်သမီး ပူဇော်တဲ့ပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြာအင်းပေါ်တော်မူဒေသက စပါးဂဠုန်တောင်ပေါ်မှာ ကျင်းပပါတယ်။
တနည်းအားဖြင့် ကောက်သစ်စားပွဲလို့လည်းခေါ်ဆိုနိုင်ပြီး နှစ်ဟောင်းမှနှစ်သစ်သို့ကူး ပြောင်းချိန်ပြုလုပ်တာဖြစ်ပြီး လာမယ့်နှစ်မှာ ဆန်ရေစပါးနဲ့ သားငါးတွေ ပေါများစေဖို့ ရည်ရွယ်ကာ ရိုးရာနတ်တွေကို ပူဇော်တဲ့ပွဲဖြစ်ပါတယ်။
စပါးတလင်းအဖြစ်ပြုလုပ်ထားတဲ့နေရာမှ စပါးစိုက်ပျိုးရိတ်သိမ်းပြီးတဲ့ လယ်ကွက် တွေဆီ သွားရောက်ကာ စပါးစိုက်တဲ့ အသွင်၊ ငါးဖမ်းတဲ့ပုံစံနဲ့ ရိုးရာသီချင်းတွေသီဆိုကာ ရိုးရာဓလေ့ အတိုင်းပူဇော်ကြတာဖြစ်ပါတယ်။
Photo - S Yarzar Aung / MPA