ရွှေစက်တော်ဘေးမဲ့တောရှိ ရှားပါး ကြယ်လိပ်အကောင် ၁၅၀ ကျော် ခိုးခံရ
DVB
·
January 13, 2020
ရွှေစက်တော်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးဝင်းထဲက ရှားပါးကြယ်လိပ်အကောင် ၁၅၀ ကျော် ခိုးယူခံခဲ့ရတယ်လို့ အစိုးရသတင်းစာမှာဖော်ပြပါတယ်။
မကွေးတိုင်း မင်းဘူးခရိုင်က ရွှေစက်တော်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးဝင်းထဲမှာ သံဆူးကြိုးကာ ခြံခတ်ထားတဲ့ ကြယ်လိပ်ခြံထဲက ၁၅၇ ကောင်ဟာ မနေ့က ခိုးယူခံခဲ့ရတာပါ။
ခြံထဲမှာ ၃၂၆ ကောင်ရှိပြီး ကြယ်လိပ်အကြီး ၂၆ ကောင်၊အလတ်၁၃၁ ကောင်ခိုးခံရတာလို့ ဆိုပါတယ်။
ဒါကို စကုမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး မကွေးတိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး၊အိုင်းမရဲကင်းစခန်းမှူးတို့ လာရောက်စစ်ဆေးခဲ့သလို ကြယ်လိပ်တွေ နောက်ထပ် မပျောက်အောင် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
ကြယ်လိပ်တွေဟာ မြန်မာ့မျိုးရင်း ရှားပါးတိရစ္ဆာန်ဖြစ်တာကြောင့် ရွှေစက်တော် တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောမှာ ခြံလှောင်ထိန်းသိမ်းမွေးမြူထားပြီး သဘာဝတောထဲကို ၁၉၉၆ ခုနှစ်က စလို့ ပြန်လွှတ်ပေးနေတာဖြစ်ပါတယ်။
ဓာတ်ပုံ- The Mirror Daily