A d v e r t i s e m e n t With Us

ဒဏ်ရာ ခွဲစိတ်ကုသမူ ကောင်းမွန်ဟု ဟယ်ရီကိန်းက ပရိသတ်များကို အသိပေး

ဒဏ်ရာ ခွဲစိတ်ကုသမူ ကောင်းမွန်စွာနဲ့ ပြီးဆုံးခဲ့တယ်လို့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။  တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆောက်သမ်တန်အသင်းနဲ့ နယူးရီးယားဒေးက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာပါ။ ဒဏ်ရာအခြေအနေ ပြင်းထန်တာကြောင့် ခွဲစိတ်ခဲ့ရတာဖြစ်ပြီး လာမယ့် ဧပြီလရောက်မှ ဘောလုံးပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ ခွဲစိတ်မှု ကောင်းမွန်စွာနဲ့ ပြီးဆုံးခဲ့ပြီး အခုချိန်ကစပြီး ပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဟယ်ရီကိန်းက အင်စတာဂရမ်ကနေ ပရိသတ်တွေကို ပြောကြားခဲ့တာပါ။ ဟယ်ရီကိန်းဟာ စပါးနဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ ပွဲစဉ်ကိုလည်း ဆေးရုံကနေတဆင့် အားပေးခဲ့ပုံကိုလည်း သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ တင်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးခါနီးအချိန်ရောက်မှာ ပြန်ကစားနိုင်ဖို့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up