A d v e r t i s e m e n t With Us

ဘန်လေနဲ့ပွဲဟာ အခုရာသီ ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံး အိမ်ကွင်းပွဲစဉ်ပါ – လမ်းပတ်

skysports.com
ဘန်လေအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဟာ အခုရာသီအတွင်း ချဲလ်ဆီးလ်အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ ချဲလ်ဆီးလ်နည်းပြ ဖရန့်လမ်းပတ်က ပြောဆိုလိုက်ပါတယ်။  လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်နှစ်ခု ဖြစ်တဲ့ ဘုန်းမောက်နဲ့ ဆောက်သမ်တန်အသင်းတို့နဲ့ ပွဲစဉ်မှာ ၁ ဂိုးမှ ပြန်မသွင်းနိုင်ခဲ့ဘဲနဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် ဘန်လေနဲ့ ပွဲစဉ်မှာတော့ အကောင်ဆုံးစွမ်းဆောင်ရည်နဲ့ အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။  “ဒီပွဲက ကျနော်တို့ရဲ့ အခုရာသီ အကောင်းဆုံး အိမ်ကွင်းစွမ်းဆောင်ရည်ပါပဲ။ ကျနော်တို့ ဂိုးတွေ ပိုမသွင်းနိုင်ခဲ့တာက လွဲလို့ ကျန်တာအားလုံးက အကောင်းဆုံးအခြေအနေမှာ ရှိနေခဲ့ပါတယ်” လို့ လမ်းပတ်က ပြောပါတယ်။ “ဘန်လေအသင်းနဲ့ ပွဲစဉ်ဟာ ခက်ခဲခဲ့ပြီးတော့ ကျနော်တို့ ဒါကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ အနည်းဆုံး ပထမပိုင်း တပိုင်းလုံးကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီနေ့ပွဲလိုတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဘန်လေနဲ့ပွဲစဉ်မှာတော့ ကျနော်တို့ ပထမပိုင်းမှာတင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီအခြေအနေက ပွဲရဲ့ အနေအထားကိုပြောင်းလဲ သွားစေခဲ့ပါတယ်။ ကျနော်တို့ ဒီလိုမျိုးကစားနိုင်အောင် အများကြီးလေ့ကျင့်ထားခဲ့တာဖြစ်ပြီး ဖြတ်တင်ဘောတွေ ပိုလုပ်ဆောင်နိုင်ပြီး ဒီနေ့ပွဲ ဂိုးနှစ်ဂိုးလိုမျိုး ဂိုးတွေသွင်းယူနိုင်အောင် ဆောင်ရွက်နေပါတယ်။ ကျနော်တို့အသင်းကနေ ဒီထက်ပိုပြီးလုပ်ပြဦးမှာပါ။ ဒါပေမယ့် ဒီအရာက အရင်ပွဲတွေကနဲ့ ဒီနေ့နဲ့ကွာခြားသွားတဲ့ အဓိကအရာပဲဖြစ်ပါတယ်။”  ဘန်လေအသင်းကို ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေဟာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှူး တန်မီအေဗရာဟင်နဲ့ ‌တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းတို့က တယောက် တဂိုးစီ သွင်းယူပေးနိုင်ခဲ့သလို နောက်ထပ် လူငယ်ကြယ်ပွင့်တဦး ဖြစ်တဲ့ အသက် ၂၀ အရွယ် ရိစ်ဂျိမ်းဟာလည်း အီဗရာဟင်အတွက် လှပတဲ့ ဂိုးဖန်တီးမှုတခု လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။  စနေနေ့ အနိုင်ရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကောင်းမွန်တဲ့အခြေအနေတခုကို ဖန်တီးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up