ကာမိုင်းမြို့တွင် အင်အား ၃.၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
January 11, 2020
ကချင်ပြည်နယ်၊ ကာမိုင်းမြို့မှာ ဒီနေ့မွန်းလွဲပိုင်းက အင်အား ၃.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၅၄)မိနစ်၊ (၁၀) စက္ကန့် အချိန်က ကာမိုင်းမြို့ရဲ့ အနောက်တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၃၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၅၇ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။