အ.ထ.က ၁ ပန်းဘဲတန်းကျောင်းကို ၃၅ ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်
သူဇာလင်း
·
January 11, 2020
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့ရဲ့ရှေးဟောင်း အဆောက်အအုံတွေထဲမှာ အစောဆုံးမိန်းကလေးကျောင်းဖြစ်ခဲ့တဲ့ ပန်းဘဲတန်းမြို့နယ်က အ.ထ.က (၁) ပန်းဘဲတန်း (ယခင် စိန်မေရီမိန်းကလေးကျောင်း) ကို ၃၅ ခုမြောက် အပြာရောင် ကမ္ပည်းပြားကို ဇန်နဝါရီ ၁၁ ရက်က တပ်ဆင်ခဲ့ပါတယ်။
ဆရာမှတ်ကြီးလို့ ထင်ရှားခဲ့တဲ့ အင်္ဂလန်သာသနာပြုဒေါက်တာ ဂျေအီးမာ့ခ်စ်က စိန်မေရီ ဒိုင်အိုစီဇင် မိန်းကလေးအထက်တန်းကျောင်းအဖြစ် ၁၈၆၆ ခုနှစ်မှာ တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်၊ ရန်ကုန်မြို့ တော်စည်ပင်က ဒုတိယမြိုတော်ဝန်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ဆရာဆရာမ တွေနဲ့ ကျောင်းသူဟောင်းတွေ တက်ရောက်ခဲ့ပါတယ်။
လက်ရှိမှာတော့ အ.ထ.က (၁) ပန်းဘဲတန်းကျောင်းမှာ ဆရာ၊ ဆရာမ ၁၉ ယောက်ကနေ ကျောင်းသူ အယောက်၂၆၆ ယောက်ကို ပညာသင်ကြားပေးနေပါတယ်။