တစည က ဖက္ဒရယ္မူကို လက္ခံ
အေးနိုင်
·
February 19, 2013
တိုင်းရင်းသားမဟာမိတ်အဖွဲ့(ယူအန်အက်ဖ်စီ)က လိုလားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ထောက်ခံတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေက ပြောပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ အသွင်ပြောင်းခဲ့တဲ့ တစည ပါတီဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပိုင်းတွေက ဖက်ဒရယ်ကို ခွဲထွက်ရေးအဖြစ် ရှုမြင်ပြီး လက်မခံရာက အခုအခါ ပြောင်းလဲလာတာ ဖြစ်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေကို ဒီဗွီဘီက မေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။