Home
မြန်မာသတင်း
မာန်အောင်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအလုံအလောက်မပေးနိုင်သဖြင့် ဒေသခံများအခက်တွေ့ 
DVB
·
January 10, 2020
ရခိုင်ပြည်နယ် မာန်အောင်မြို့မှာရှိတဲ့ ဆိုလာစနစ် ဓာတ်အားပေးစက်ရုံမှာ မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၃ ခုကို ၂၄ နာရီ လျှပ်စစ်မီးလုံလောက်စွာ မပေးဆောင်နိုင်သေးတာကြောင့် ဒေသခံတွေ အခက်ခဲဖြစ်ပေါ်နေပါတယ်။    မာန်အောင်မြို့ကို ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုနိုင်စေဖို့ ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့တာပါ။ အရင် ဒီဇယ်မီးစက်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးတဲ့အချိန်ကထက်  မီးလာချိန် မှန်ကန်မှု မရှိသလို လျှပ်စစ်မီးအသုံးပြုပြီး အလုပ်လုပ်ကိုင်ရာမှာလည်း  အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။  အဆိုပါ ဆိုလာစက်ရုံမှာ တပ်ဆင်ထားတဲ့ ဆိုလာတချပ်ရဲ့ ဝပ်အားမှာ ၃၆၅ ဝပ် ရှိပြီး ၀.၅ မက္ကာဝပ် ရရှိဖို့ ဆိုလာအချပ်ရေ ၁၃၈၀ ကျော် တပ်ဆင်ထားကာ မီတာ အလုံးရေ ၁၃၅၀ ကို မီးဖြန့်ဖြူးနေတယ်လို့ ကျောက်ဖြူခရိုင် လျှပ်စစ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးကပြောတယ်။  အခုလို လျှပ်စစ်မီး ပြတ်တောက်နေရခြင်းမှာ မီတာအလုံးရေ များပြား လာလို့မဟုတ်ဘဲ သုံးစွဲသူတွေအနေနဲ့ မျှမျှတတသုံးစွဲမှု မရှိတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။   မာန်အောင်မြို့ လျှပ်စစ်ဦးစီးဌာနအနေနဲ့ မိုးရာသီရောက်လာခဲ့ရင် ဆိုလာစနစ်နဲ့ မီးလင်းရေး အဆင်မပြေပါက ဒီဇယ်မီးစက်ပါ တွဲဖက်အသုံးပြုဖို့ စီစဉ်ထားပြီး လျှပ်စစ်မီတာခတွေကိုတော့ တစ်ယူနစ် ၃၅ ကျပ်အထက် ကောက်ခံသွားမယ်လို့ သိရှိရပါတယ်။ သားချစ်ဇော်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024