မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့လွတ်လပ်ရေးပွဲတော်မှာ ဇန်နဝါရီ ၉ ရက်ညနေက စျေးသည်တဦးရဲ့ ၉ လသားအရွယ် ကလေးငယ် ၁ ဦး ရေဆိုးမြောင်းထဲကျပြီး ရေနစ်သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ကလေးအိပ်နေတယ်ဆိုပြီး လူကြီးတွေ စျေးဆိုင် အပြင်ဘက် ခဏသွားကြတယ်၊ ကလေးက အိပ်ရာက နိုးလာတော့ လေးဘက်သွားရင်း ရေဆိုးမြောင်းထဲကျပြီး ရေနစ်သေဆုံးတယ်။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။"
သေဆုံးသွားတဲ့ကလေးကတော့ သဲတောလွတ်လပ်ရေးပွဲကို မိတ္ထီလာမြို့နေ ဦးဇော်မင်းနဲ့ မမြင့်မြင့်ခိုင်တို့ရဲ့သား မောင်ဖိုးပြည့်စုံ ၉ လအရွယ်ကလေးငယ် ဖြစ်ပါတယ်။
၉ လအရွယ် ကလေးငယ် မောင်ဖိုးပြည့်စုံ သေဆုံးတာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ် ၁/၂၀၂၀ နဲ့ အမှုဖွင့် စုံးစမ်းစစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း