ကော့သောင်းတွင် ထိန်းသိမ်းထားသည်ဘင်္ဂါလီများကို ရခိုင်ပြည်နယ် ပြန်ပို့
DVB
·
January 10, 2020
တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ထိန်းသိမ်းထားတဲ့ ဘင်္ဂါလီ ၁၇၃ ယောက်ကို ဇန်နဝါရီ ၈ ရက်နေ့မနက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပိုဆောင်ပေးခဲ့တယ်လို့ ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ပြောပါတယ်။
ဘင်္ဂါလီတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဆန်အိတ်တွေ၊ ကြက်ဥ၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်၊ မုန့်ထုတ်တွေနဲ့ အဝတ်အထည်တွေ၊ လိုအပ်တဲ့ ဆေးဝါးရိက္ခာတွေ ကို အပြည့်အစုံထည့်ပေးလိုက်ပြီး တပ်မတော် ထောက်ပံရေးရေယာဉ်အမှတ် ၆၁၇ နဲ့ ပို့ဆောင်ပေးတာလို့ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေမှူး ဦးမြတ်သူက ပြောပါတယ်။
သူတိုတွေအား စစ်တွေမြို့ကို အရင်ပို့ဆောင်ပြီး အဲဒီကမှတဆင့် သက်ဆိုင်ရာစခန်းတွေဆီ ဆက်လက်ပို့ဆောင်သွားမယ်လို့ ပြောပါတယ်။
အဆိုပါ ဘင်္ဂါလီတွေဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က မြန်မာ့ရေပြင်မှာ တပ်မတော်(ရေ) က ဖမ်းဆီးထိန်းသိမ်းတာလို့ သိရပါတယ်။
လတ်ကိုကိုဦး