Homeမြန်မာသတင်း
နယ်မြေတည်ငြိမ်ပြီးတရားဥပဒေစိုးမိုးမှ ကချင်ပြည်နယ်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မည်ဟု သမ္မတ ပြော
နယ်မြေတည်ငြိမ်ပြီးတရားဥပဒေစိုးမိုးမှ ကချင်ပြည်နယ်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မည်ဟု သမ္မတ ပြော
DVB
·
January 10, 2020
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကချင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်းမရှိသေးတာဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့ သမ္မတဦးဝင်းမြင့်ကပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့ ကျရောက်တဲ့ ၇၂ နှဏ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။
ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးတွေက ရရှိလာမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက်တွေအရ တိုင်းရင်းသားလူမျိုးများအားလုံး မျှော်လင့်တောင့်တနေတဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းဆိုတဲ့ အနှစ်သာရများပြည့်ဝတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ရင်းခံကာ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက်ထာဝစဉ် ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြဖို့ သမ္မတက တိုက်တွန်းလိုက်ပါတယ်။