Home
မြန်မာသတင်း
ပလတ်စတစ်လုပ်ငန်းအသေးစားများ နည်းပညာပံ့ပိုးနိုင်ရန် ဆောင်ရွက်မည်ဟု UMPRA ပြော
DVB
·
January 10, 2020
ပလတ်စတစ်နဲ့ ပတ်သက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အကျိုးရှိအောင် ပြန်လည်အသုံးချဖို့အတွက် ပြည်တွင်းက ပလတ်စတစ်လုပ်ငန်းအသေးစားလေးတွေကို နည်းပညာပံ့ပိုးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းပြန်လည် အသုံးပြုရေးအဖွဲ့(အထက်မြန်မာပြည်) က ပြောပါတယ်။ လူတိုင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေဖို့၊ နိုင်ငံတော်အဆင့်ထိ တင်ပြကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး Smart City ကို တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့၊ ပလတ်တစ်နဲ့ စွန့်ပပစ်စ္စည်း ပြန်လည်အသုံးပြုရေးနဲ့ ပက်သက်ပြီး ပြည်တွင်းပြည်ပမှ ပေါ်ပေါက်လာတဲ့ အကူအညီ အထောက်အပံ့တွေ၊ နည်းပညာပံ့ပိုးမှုတွေနဲ့ လုပ်ငန်းအခွင့်အလမ်းများကို အဖွဲ့ဝင်တွေအား ချိတ်ဆက်မျှဝေပေးဖို၊ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပလတ်စတစ်လျှော့ချသုံးစွဲရေးနဲ့ အသုံးပြုကာ ပလတ်စတစ်တွေ ပြန်လည်အသုံးပြုနိုင်ရေး အဓိကထားဆောင်ရွက်ဖို့၊ ပရဟိတစိတ်နဲ့ ဖွဲ့စည်းထားတဲ့ အသင်းတွေနဲ့ ပူးပေါင်းဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ အဖွဲ့ရဲ့ဥက္ကဋ္ဌ ဦးလှိုင်အောင်က "၊အခုလက်ရှိ နိုင်ငံတကာမှာလည်း recycle ကို ဦးစားပေးနေကြတော့ အထောက်အပံ့တွေလည်း အများကြီးပေးတယ်၊ ဒါတွေ ပေါ်ပေါက်လာရင် ကျနော်တို့က အဖွဲ့လေးတွေ မသိလိုက်ရလို့ အခွင့်အရေးဆုံးရှုံးသွားတာမျိုး မဖြစ်စေချင်ဘူး၊ အဓိကက တယောက်နဲ့ တယောက်မျှဝေပေးမယ်၊ နောက် နိုင်ငံတကာက အခွင့်အလမ်းကြီးတွေ ပေါ်မယ်၊ သူတို့က ပေးချင်တဲ့ အရေအတွက်တွေ၊ လိုချင်တဲ့ ကွာလတီတွေကို ဒီက မဖြည့်ဆည်းပေးနိုင်ရင် ကျနော်တို့လုပ်ငန်းအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးတယ်၊ နိုင်ငံခြားမှာပဲ သွားပြီးမှာတယ်။ အဲ့ဒါလေးတွေကို ကျနော်တို့ ဒီက အဖွဲ့အစည်းလေးရှိမယ်ဆိုလို့ရှိရင် အားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်၊ အဲ့လိုရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒါကို ဖွဲ့စည်းထားတာပါ"လို့ ပြောပါတယ်။ ပလတ်စတစ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လျှပ်စစ်နဲ့စက်ပစ္စည်း လုပ်ငန်းရှင်တွေ၊ ပလတ်စတစ်ပစ္စည်းတွေ လက်ရှိထုတ်လုပ်ရောင်းချနေသူတွေသာမက အမှိုက်ဝယ်ယူရောင်းချနေတဲ့ ဆိုင်ငယ်လေးတွေ၊ လုပ်ငန်းအသေးစားတွေပါ ဒီအဖွဲ့အစည်းမှာ ပူးပေါင်းပါဝင်စေလိုတယ်လို့ မန္တလေးမြို့ရှိ စွန့်ဦးတီထွင်သူ ဦးကျော်ကျော်မိုးက ပြောပါတယ်။ "ဘာလို့ ပါဝင်စေချင်လဲဆိုတော့ ပလတ်စတစ်အမှိုက်တွေ အစုံဝယ်ပြီးတော့ ဒီဟာကို ကုန်ကြမ်းအဖြစ် ခုတ်ပြီးတော့ လုပ်နေတဲ့ ခုတ်စက်သမားလေးတွေ၊ အမှိုက်ဝယ်နေတဲ့ ဆိုင်သမားလေးတွေပေါ့၊ အဲ့ဒီလူတွေက မြင့်တက်လာမှသာ လုပ်ငန်းရှင်ကြီးတွေရော၊ အကုန်လုံး စက်ရုံကြီးတွေရော တပြေးညီ မြင့်တက်ကြမှာပေါ့နော်။ ဖြစ်ချင်တာကတော့ အောက်ခြေမှာရှိတဲ့ ဆိုင်သေးသေးလေးတွေ၊ နောက် ကော်ခုတ်တဲ့ သန့်စင်ပေးကြတဲ့ အဓိက ခုတ်စက်သမားလေးတွေ အဲဒီလူတွေရဲ့ နည်းပညာပိုင်းကိုလည်း မျှဝေပေးဖို့ရှိတဲ့အတွက် အားလုံးပါဝင်ပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။" အောက်ခြေကနေ သန့်စင်တဲ့ ကော်စေ့နဲ့ ပလတ်စတစ်ပစ္စည်းတွေရရှိမှ စက်ရုံကြီးတွေအထိ ပြန်လည်ရောင်းချနိုင်မှာဖြစ်ပြီး recycle လုပ်ငန်း ပိုမိုတိုးတက်လာမယ်လို့ သိရပါတယ်။ ပလတ်စတစ်ကို recycle ပြန်လုပ်ပြီး အစားအသောက်နဲ့ မဆက်နွှယ်တဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့လည်း ဆိုပါတယ်။ စိန်ကမ္ဘာ ပလတ်စတစ်နဲ့ ပီနံအိတ်လုပ်ငန်းမှ ဦးမင်းဟန်က "အသင်းအနေနဲ့ ဆောင်ရွက်လိုက်မယ်ဆိုလို့ရှိရင် တဦးတယောက်ရဲ့ ညဏ်ထက်စာလို့ရှိရင် ပူးပေါင်းဆောင်ရွက်လို့ ထွက်လာတဲ့ အတွေးအမြင်တွေက ပိုပြီးတော့ အကျိုးရှိပါတယ်။ နောက်နိုင်ငံတကာကလည်း ပူးပေါင်းပါဝင်ပြီးတော့ နည်းပညာအသစ်တွေပါဝင်လာမှာ ဖြစ်တဲ့အတွက် အများကြီး အကျိုးရှိပါတယ်။ စိန်ခေါ်မှုကတော့ လျှပ်စစ်မီးပြဿနာနဲ့ လုပ်သားပြဿနာလေးတွေ ရှိပါတယ်။ ဒါပေမယ့် အရင်ထက်စာလို့ရှိရင် အများကြီး လျော့သွားပါပြီ" လို့ ပြောပါတယ်။ ပလတ်စတစ်နဲ့ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရေးအဖွဲ့ (အထက်မြန်မာပြည်) UMPRA ကို ၂ နှစ်တကြိမ် အလုပ်အမှုဆောင်တွေ ပြောင်းလဲရွေးချယ်မယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024