ကော့သောင်းတွင် အလှကုန်ပစ္စည်းအရောင်းဆိုင်များကို FDA ဝင်ရောက်စစ်ဆေး
DVB
·
January 9, 2020
ကော့သောင်းမှာ အလှကုန်ပစ္စည်းအရောင်းဆိုင်တွေကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန (FDA) မှာ ဇန်နဝါရီ ၉ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြပါတယ်။
စစ်ဆေးရာမှာ FDA မှ တားမြစ်ထားတဲ့ ပစ္စည်းတွေ ရောင်းချနေတာ ရှိ မရှိ ရောင်းချနေတဲ့ ပစ္စည်းတွေ သက်တမ်းလွန်နေတာ ရှိ မရှိ စတာတွေကို စစ်ဆေးခဲ့ပြီး တားမြစ်မိတ်ကပ်ပစ္စည်းနဲ့ သက်တမ်းလွန်ပစ္စည်းတွေကို သိမ်းဆည်း ပညာပေးဟောပြောခဲ့ကြပါတယ်။
ကော့သောင်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီမှူး ဒေါက်တာ ရဲဂေါင်တင်က “အခု သိမ်းဆည်းတာက သက်တမ်းလွန်နဲ့ တားမြစ်ထားတာတွေကို သိမ်းဆည်းတာပါ။ တချို့ပစ္စည်းတွေက အန္တရာယ်ရှိ ပစ္စည်းတွေ ပါဝင်နေတာကြောင့် ဌာနက တားမြစ်ထားတာတွေ ရှိပါတယ်။ ဒါတွေကိုစစ်ဆေးပြီး သိမ်းဆည်းတာ” လို့ ပြောပါတယ်။
ဝင်ရောက်စစ်ဆေးရာမှာ စည်ပင်၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ပါဝင်ခဲ့ကြပါတယ်။
သတင်း - လတ်ကိုကိုဦး