Home
မြန်မာသတင်း
ဝင်ငွေကျပ်သန်းပေါင်း ၉၄၈၇ ကျော်ရထားသည့် YRTA  အခွန်ဆောင်ထားခြင်းမရှိဟုဆို
စိုးမိုးအောင်
·
January 9, 2020
ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရဲ့ ဝင်ငွေဟာ ကျပ်သန်းပေါင်း ၉၄၈၇ သန်းကျော်ရရှိထားပေမယ့် အခွန်ဆောင်ထားခြင်းမရှိဘူးလို့ ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာမှာ‌ ဖော်ပြပါတယ်။ စာရင်းစစ်ချုပ်အစီရင်ခံစာကို ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ဖတ်ကြားခဲ့တာပါ။ YRTA အနေနဲ့ ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်နေ့အထိ ရသုံးငွေစာရင်းကို ပြင်ပစာရင်းစစ်အဖွဲ့က စစ်ဆေးထားပြီး အမှုဆောင်ဒါရိုက်တာချုပ်နဲ့အဖွဲ့က လက်မှတ်အတည်ပြုထားတာ မရှိသေးသလို ကျပ်သန်းပေါင်း ၉၄၈၇ သန်းကျော် ရရှိထားကာ အသုံးစာရိတ် ကျပ်သန်းပေါင်း ၁၇၉၆ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။  အဲဒီငွေတွေကို YBS ဒဏ်ကြေးရငွေ၊ ငှားရမ်းခရငွေ၊ အဝေးပြေးယာဉ်လိုင်းတွေကရငွေ၊ City Taxi က ရငွေ၊ ဘဏ်တိုးနဲ့အခြားရငွေတွေက ရရှိတာလို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ပြောပါတယ်။  YRTA ရဲ့ ငွေလက်ကျန် ကျပ်သန်းပေါင်း ၇၆၇၀ ကျော်ကို ဧရာဝတီဘဏ်မှာ ဘဏ်အကောင့် ၆ ခု၊ ကမ္ဘောဇဘဏ်မှာ ဘဏ်အကောင့် ၃ ခုနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ အကောင့်တစ်ခုဖွင့်လှစ်ပြီး ထည့်သွင်းထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024