ဗကသ ကျောင်းသားဟောင်း ကိုရဲရင့်ကျော် ထောင်ဒဏ် ၃ လ ချမှတ်ခံရ
DVB
·
January 9, 2020
ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း ကိုရဲရင့်ကျော် ကို ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ အောင်မြေသာဇံမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြခဲ့လို့ ဖမ်းဆီးတရားစွဲခံရတဲ့ ကိုရဲရင့်ကျော်အမှုကို အောင်မြေသာစံမြို့နယ် တရားရုံးမှာ ၂၀၁၉ ခု နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင်စစ်ဆေးခဲ့တာပါ။
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများ ရပ်တန့်ရေး၊ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူများ လွတ်မြောက်ရေးတို့အတွက် ၂၀၁၈ ခုနှစ် မေလက မန္တလေးကျုံးဘေးမှာ ဆန္ဒပြခဲ့ ပြီးနောက် ကိုရဲရင့်ကျော်ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးခဲ့တာပါ။
ဓာတ်ပုံ - Kaung Zaw Hein / MPA