မန်ယူနည်းပြနေရာ စိတ်ဝင်စားဟု အယ်လီဂရီပြော

မန်ယူနိုက်တက်အသင်းရဲ့နည်းပြနေရာအတွက် စိတ်၀င်စားနေတယ်လို့ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အယ်လီဂရီအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ၅ နှစ်ဆက်တိုက် စီးရီးအေချန်ပီယံဖြစ်စေခဲ့ပြီး တဲ့နောက်မှာ ယူတိုက်တက်ကို နည်းပြဖို့ ထိပ်ဆုံးက ရေပန်းစားခဲ့ပေမယ့် မန်ယူနိုက်တက်က‌တော့ အိုလီဂန်နာဆိုးလ်ရှားကိုသာ နည်းပြတာ၀န်ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် အရေးကနေ လွတ်‌မြောက်နေတဲ့ ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ ခရာဘောင်ဖလားပထမအကျော့မှာ စီးတီးအသင်း ကို ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ထုတ်ပယ်ခံရမယ့် သတင်းတွေ ပြန်လည်ထွက်ပေါ်လာပြန်ပါတယ်။ အယ်လီဂရီကိုယ်တိုင်ကလည်း ယူတိုက်တက်အသင်းကို ကိုင်တွယ်လိုကြောင်း ထုတ်ဖော်ပြောကြားလိုက်တာကြောင့် လာမယ့်လပိုင်းအတွင်းမှာ ယူနိုက်တက်တို့နည်းပြသစ် အပြောင်းအလဲဖြစ်‌လာဖို့ ရှိနေပါတယ်။ အယ်လီဂရီကို ယူနိုက်တက်တို့အပြင် အာဆင်နယ်အသင်းကလည်း စိတ်၀င်စားခဲ့ဖူးပြီး အူနိုင်း‌အန်မရီရဲ့နေရာမှာ အစားထိုးဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up