Home
မြန်မာသတင်း
Western Union နှင့် စစ်တပ်ပိုင်မြဝတီဘဏ်တို့ တွဲဖက်ဝန်ဆောင်မှု လုပ်ငန်းရပ်ဆိုင်း
DVB
·
January 9, 2020
     အမေရိကန်အ‌ခြေစိုက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Western Union က မြန်မာ စစ်တပ်ပိုင်လုပ်ငန်းစုတွေထဲက တခုဖြစ်တဲ့ မြဝတီဘဏ်နဲ့ တွဲဖက်ဝန်ဆောင်မှုလုပ် ငန်းလုပ်ဆောင်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။        ကမ္ဘာတလွှား အပြည်ပြည်ဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Western Union ဟာ မြန်မာနိုင်ငံနဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်တွင်းဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်စတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေသွင်းငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။        ခုလတ်တလော မြဝတီဘဏ်နဲ့ တွဲဖက်လုပ်ငန်းလုပ်ဆောင်မှုရပ်ဆိုင်းတဲ့ ကိစ္စမှာတော့ သူတို့ရဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပြီးနောက်မှာ စာချုပ်ကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ Western Union က ပြီးခဲ့တဲ့ အင်္ဂါနေ့က စာပေးပို့အကြောင်းကြားလာတာဖြစ်ကြောင်း မြန်မာအရေး လှုံ့ဆော် လှုပ်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်အခြေစိုက် Burma Campaign UK က ကြေညာချက်ထုတ်ပြန်ပါတယ်။        Burma Campaign UK ဟာ နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းမလုပ်ဆောင်ကြဖို့ တိုက်တွန်း လှုံ့ဆော်တဲ့ အဖွဲ့ဖြစ်ပြီး အဲဒီလိုပတ်သက်တဲ့ လုပ်ငန်းတွေကိုတော့ ညစ်ပတ်တဲ့ စီးပွားရေးလုပ်ငန်းစာရင်း-Dirty List အဖြစ် စာရင်းပြုစုဖော်ပြပါတယ်။        စစ်တပ်ပိုင် မြဝတီဘဏ်နဲ့ အလုပ်လုပ်နေတာကို Western Union ဘက်က ရပ် ဆိုင်းလိုက်တဲ့အပေါ် Burma Campaign UK နဲ့ International Campaign for the Rohingya တို့ကလည်း ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီး စစ်တပ်ပိုင် လုပ်ငန်းနဲ့ မပတ်သက်တော့တဲ့အတွက်လည်း Dirty List ကနေလည်း ပယ်ဖျက်ပေးပြီး ဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါတယ်။        ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် UN-FFM ကလည်း တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် စစ်တပ်နဲ့ ပတ်သက်တဲ့ မိသားစုလုပ်ငန်းတွေနဲ့ စီးပွားရေး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ Burma Campaign UK က စာရင်းပြုစုထုတ်ပြန်ထားတဲ့ Dirty List ထဲမှာတော့ မြန်မာနိုင်ငံမှာအခြေစိုက်ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားလုပ်ငန်းစု  မြန်မာပေါ်စကိုစတီးလ်ကုမ္ပဏီလီမိတက်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီတွေအပါအဝင် အောက်ဖော်ပြပါ လုပ်ငန်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024