စာအုပ်ပေါင်းသန်းချီရောင်းချမည့် Big Bad Wolf စာအုပ်ဈေးပွဲတော် ကျင်းပမည်

စာအုပ်ပေါင်း သန်းချီရောင်းချမယ့် Big Bad Wolf စာအုပ်ဈေးပွဲတော်ကို ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ စတင်ပြီး ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပွဲတော်ကိုတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သာကေတမြို့နယ်၊ Fortune Plaza  မှာရှိတဲ့ Myanmar Expo Hall မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ စာအုပ်အသစ်တွေကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ ဈေးလျှော့ရောင်းချပေးမယ့် Big Bad Wolf စာအုပ်ဈေးပွဲတော်မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ စာ အုပ်အသစ် ၁ သန်းကျော်ကို ရောင်းချပေးမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ လူကြိုက်များတဲ့ ရုပ်ပြစာအုပ်၊ ဂန္ထဝင်နဲ့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထု၊ သ ရုပ်ပြစာပေ၊ စီးပွားရေးတက်ကျမ်း၊ ဗိသုကာစာအုပ်၊ ဟင်းချက်နည်းစာအုပ်၊ ပုံပြင်စာ အုပ်စတဲ့ စာပေအမျိုးအစားအစုံပါဝင်မယ့် ဒီပွဲတော်ကိုတော့ ဝင်ကြေးအခမဲ့နဲ့ မနက် ၉ နာရီကနေ ည ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချပေးသွားမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up