နှစ်ပေါင်း ၁၃၀၀ ကျော်က သုံးခဲ့သည့် ဝေသာလီခေတ်ဆီမီးခွက် လှူဒါန်း
DVB
·
January 9, 2020
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော် (ဝေသာလီခေတ် အေဒီ ၃၅၀- ၈၁၈) က အသုံးပြုခဲ့တဲ့ ဝေသာလီကြေးဆီမီးခွက်အား ကျောက်စာဝန် ဦးစံရွှေဘုမိသားစုက ဇန်နဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့အမျိုးသားပြတိုက်မှာ အခမ်းအနားနဲ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဝေသာလီခေတ်ဆီမီးခွက်အား ၁၉၂၀ ပြည်နှစ်က ဝေသာလီ မြို့ဟောင်အနီး ပြိုင်းချရွာ ကျေးရွာကို ကျောက်စာဝန်ဦးစံရွှေဘု ခရီးထွက်စဉ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါမိသားစုလက်ထဲ နှစ်ပေါင်း ၁၀၀ ထိန်းသိမ်းထားခဲ့ပြီးနောက် လှူဒါန်းခဲ့တာပါ။
ဝေသာလီဆီမီးခွက်အား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြတိုက်အကြံပေးပညာရှင်ဒေါက်တာနုမြဇံ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ဦးတင်အောင်စိုး၊ညွှန်ကြားရေးမှူး (ငြိမ်း) ယဉ်ကျေးမှုဝန်ကြီးဌာန တို့ထံ စာချုပ်စာတမ်းများနဲ့ လွှဲပြောင်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
လွဲပြောင်းအပ်နှံခြင်းစာချုပ်မှာ ရခိုင့်အမွေအနှစ်ပစ္စည်းအား ရခိုင်မြေပြန်လည်ပို့ဆောင်ဖို့၊ ရခိုင်အမျိုးသားအမွေအနှစ်အဖြစ်စနစ်တကျထိမ်းသိမ်းထားနိုင်ဖို့၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ အလေးထား စောင့်ရှောက်ခွင့်ရရေး ဆောင်ရွက်ပေးဖို့နဲ့ ဝေသာလီဆီမီခွက်အား ရခိုင်အမွေအနှစ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်ပေးဖို့ စတဲ့အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ကောင်းကောင်း
ဓာတ်ပုံ = စံမြင့်ရွှေ