Home
မြန်မာသတင်း
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်
Aung Aung Naing
·
January 8, 2020
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရွှေမင်းဝံရပ် စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းမှာ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)ကဦးဆောင်ပြီး ဖဲကြိုးစိမ်းကမ်ပိန်းကို ဇန်နဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ “ပညာရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ချက်ဟာ အောက်ခြေဆရာ/မများနဲ့ ဝန်ထမ်းတွေ မိဘတွေကျောင်းသား/သူတွေရဲ့ အခက်အခဲတွေ ဆန္ဒတွေကို ထည့်သွင်းစဉ်းစားချင်းမပြုဘဲ မတ်လကုန်အထိ စာသင်ရမယ်လို့ တိုးမြှင့်ပြီးပြဋ္ဌာန်းလိုက်တဲ့အပေါ် စစ်ကိုင်းပညာရေးတက္ကသိုလ် ဗကသ ကျောင်းသားများသမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒါကြောင့် ကျမတို့ဒီကနေ့ ဖဲကြိုးစိမ်းကမ်းပိန်းပြုလုပ်ရတာ” လို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးန္ဒာစိုး က ပြောပါတယ်။ ဒီမိုကရေစီပညာရေးခရီးဝေးပြီလား သုသေသနကို အခြေမခံတဲ့စနစ် အပြောင်းအရွေ့မှာ ကလေးတွေက အစမ်းသပ်ခံတွေလား ရေးသားထားတဲ့ ပိုစတာနှစ်ခုကို စိုက်ထူထားပြီး ဖဲကြိုးစိမ်းတွေကို လိုက်လံတတ်ဆင်ပေးခဲ့ကြပါတယ်။ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကျောင်းသား/ကျောင်းသူ ၃၀ ကျော်နဲ့ ဖဲကြိုးစိမ်းကမ်ပိန်းကိုပြုလုပ်ခဲ့တာ ဖြစ်ပြီး တပတ်အတွင်း ပညာရေးဌာနအနေနဲ့ အကြောင်းပြန်ကြားခြင်းမရှိပါက အရှိန်အဟုန်မြှင့်တင်သွားမှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024