Home
မြန်မာသတင်း
သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ အချက် ၈ ချက်သဘောတူ၊ ၂၁ ရာစုပင်လုံ ၄ လပိုင်းတွင် ပြုလုပ်မည်
DVB
·
January 8, 2020
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ထိပ်သီးအစည်းအဝေး ကနေ သဘောတူညီချက် ၈ ချက် ရရှိခဲ့ပြီး ၂၁ ရာစုပင်လုံကို ၂၀၂၀ ပထမလေးလပိုင်းအတွင်း ကျင်းပဖို့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၈ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောခဲ့တာပါ။ "ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်နှစ်ဆန်းပိုင်းရဲ့ ပထမ လေးလပိုင်းအတွင်းလုပ်ဖို့ သဘောတူပါတယ်။" NCA အခန်း ၃၊ ၄၊ ၆ တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်သွားမယ့်အပေါ် သဘောတူတယ်။ ပြည်ထောင်စုသဘောတူစာချုပ် ၃ မှာ ချုပ်ဆိုမယ့်စာချုပ်ပုံစံကို သဘောတူတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ တတိယအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးတဲ့နောက် နှစ်ဘက်အကြား ဆွေးနွေးပွဲတွေ ၁၅ လကြာ ရပ်ဆိုင်းခဲ့ပါတယ်။ အခုတခါ စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြန်လည်ကျင်းပပြုလုပ်ဖို့ သဘောတူခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ချုပ်ဆိုဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ၈ ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024