Home
မြန်မာသတင်း
လွိုင်ကော်မြို့တွင် ကန္ဒရဝတီတံတား ဖွင့်ပွဲပြုလုပ်
DVB
·
January 8, 2020
ကယားပြည်နယ် လွိုင်ကော်မြို့လယ်က ဘီလူးချောင်းဖြတ်ကူးတဲ့ တံတားတစင်းဖြစ်တဲ့ ကန္ဒရဝတီတံတားဖွင့်ပွဲကို ဒီကနေ့ ပြုလုပ်ပါတယ်။  အဆိုပါ ကန္ဒရဝတီတားဟာ ၁၉၈၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ၂၂ ပေကျယ် ၂ လမ်းသွားအဖြစ် ၃၄ နှစ်တိုင်အသုံးပြုခဲ့တာဖြစ်ပြီး ၂၀၁၉ ခု ဧပြီလကစပြီး  ၄၄ ပေ၊ ၄ လမ်းသွားအဖြစ် အဆင့်မြင့်တင်ခဲ့တာဖြစ်ပါတယ်။  တံတားအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုခွင့်ပြုဘတ်ဂျက် ၉၉၉.၉၉ သန်းနဲ့ တည်ဆောက်ပြီး ဒီကနေ့ ဖွင့်လှစ်နိုင်ခဲ့တာလို့ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။  လမ်းဦးစီးဌာနက ဆောင်ရွက်တဲ့လမ်းတွေအနေနဲ့ မယ်စဲမြို့နယ် BP 13 ကနေ လွိုင်ကော်အထိ ဆောင်ရွက်ထားကာ မြို့နယ်ချင်းဆက်လမ်းတွေ အဓိကဦးစားပေးဆောင်ရွက်နေပြီး လာမယ့်ဘဏ္ဍာနှစ်မှာ  တံတားတည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီချုပ်က ပြောပါတယ်။  လွိုင်ကော်မြို့နယ် ဘီလူးချောင်းဖြတ်ကူးတဲ့ တံတား ၆ စင်းရှိပြီး ကွန်ကရစ် တံတား ၅ စင်းနဲ့ သံတံတား ၁ စင်းဖြစ်ပါတယ်။  ဒီကနေ့ တံတားဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအပါဝင် ဌာနဆိုင်ရာအသီးသီးက ဝန်ကြီးတွေ နဲ့ ဒေသခံပြည်သူ ထောင်ချီ တက်ရောက်ခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024