တပြည်လုံးအနှံ့ မိုးရွာသွန်းနိုင်ဟု မိုးဇလ ထုတ်ပြန်
DVB
·
January 8, 2020
လာမယ့် ဇန်နဝါရီ ဆယ်ရက်ပတ်အတွင်း တပြည်လုံးအနှံ့မိုးရွာနိုင်ပြီး ကချင်ပြည်နယ်မှာ ရွာသွန်းမြဲထက်ပိုရွာနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ကချင်ပြည်နယ်မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ခန့်ပဲ ရှိနိုင်ပါတယ်။
မြူအခြေအနေခန့်မှန်းချက်မှာတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယားနဲ့ မွန်ပြည်နယ်တို့မှာ ၆ ရက်ကနေ ၈ ရက်ခန့်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ၃ ရက်ကနေ ၅ ရက်ခန့် မနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။