နေပြည်တော်တိုင်းမ် သတင်းဂျာနယ် ရပ်ဆိုင်း
DVB
·
February 18, 2013
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ငွေနဲ့ ထုတ်ဝေနေတဲ့ “နေပြည်တော်တိုင်းမ်” ဂျာနယ်ဟာ ထုတ်ဝေပြီး ၁ နှစ် ၃ လ အကြာမှာ ငွေကြေးအရှူံးပေါ်မှုတွေကြောင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးစောလင်းအောင်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
ဒီ ဂျာနယ်ကို အရင် ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးကျော်ဆန်း တာဝန်ယူစဉ်ကာလ ၀န်ကြီးဌာန အနေနဲ့ ဂျာနယ်တစောင် ရှိသင့်တယ်ဆိုတဲ့ မူနဲ့ ရန်ပုံငွေ ပေးပြီး ထုတ်ဝေခိုင်းခဲ့တာလို့ သူက ရှင်းပြပါတယ်။
နေပြည်တော်တိုင်းမ် ဂျာနယ်ဟာ စတင်ထုတ်ဝေစဉ်ကနေ ရပ်ဆိုင်းချိန် အထိ အစောင် ၆၀ ကျော် ထုတ်ဝေခဲ့တယ်လို့ ဦးစောလင်းအောင်က ပြောပါတယ်။