အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂါနာသံအမတ်ကြီးနှင့် တွေ့ဆုံ
DVB
·
January 7, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂါနာနိုင်ငံသံအမတ်ကြီး အာကူရာ ဆီကီဝါ အာဟန်ကော်ရာနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီး အာကူရာ ဆီကီဝါ အာဟန်ကော်ရာအား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံစဉ် မြန်မာ-ဂါနာနှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ပညာရေးနဲ့ အသက်မွေး ဝမ်းကျောင်း ပညာရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။