တောမီးသင့် ဩစတြေးလျ ပြန်လည်တည်ဆောက်ရေး ဒေါ်လာ ၂ ဘီလီယံ ထပ်သုံးမည်

Photo : REUTERS/Tracey Nearmy
593
သြစတြေးလျ တောမီးကြောင့် ပျက်စီးဆုံးရှုံးတာတွေကို ပြန်တည်ဆောက်ဖို့ နောက်ထပ် သြစတြေးလျ ဒေါ်လာ ၂ ဘီလီယံ သုံးသွားမယ်လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ဇန်နဝါရီလ ၆ ရက်မှာ ပြောခဲ့ပါတယ်။
ပြန်တည်ဆောက်ရေးအတွက် ဘယ်လောက်ပဲ ကုန်ကျပါစေ၊ အစိုးရအနေနဲ့ ကျခံသွားမယ်လို့ ဝန်ကြီးချုပ် မောရစ်ဆင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ရန်ပုံငွေ သြစတြေးလျ ဒေါ်လာ သန်း ၅၀၀ ကို ၂၀၂၀ ဇွန်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေသွားပြီး သြစတြေးလျ ဒေါ်လာ ၁ ဘီလီယံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွက် လျာထားကာ နောက်ထပ် သြစတြေးလျ ဒေါ်လာသန်း ၅၀၀ ကိုတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးအတွက် အသုံးပြုသွားမှာပါ။
နောက်ထပ် ရန်ပုံငွေ လိုအပ်လာရင်လည်း ထောက်ပံ့ပေးသွားမယ်လို့ မောရစ်ဆင်က ပြောခဲ့ပါတယ်။
တောမီးကြောင့် လူ ၂၅ ယောက်အပြင် သားရဲတိရစ္ဆာန်တွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေပါ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။