ဝန်ထမ်း လျော့ချမှုတွေအတွက် ဒီနေ့က စတင်ပြီးတော့ ၂၄ နာရီကြာ ဆန္ဒပြတဲ့ အစီအစဉ်ကို ဘီဘီစီ သတင်းထောက်တွေက စတင်လိုက်ပါတယ်။
ဝန်ထမ်း ၃၀ ကို ပြန်ခန့်ထားရေးအတွက် သဘောတူညီချက် မရရှိတော့တဲ့နောက်ပိုင်းမှာ သပိတ်ကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို ဖြတ်တောက်မှုတွေက ဘီဘီစီ စကော့တလန်၊ အာရှကွန်ယက်၊ ဖိုက်လစ် (five live) နဲ့ ဝေါလ် ဆားဗေလ့်တို့ကို သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။
[caption id="attachment_36525" align="alignright" width="150" caption="(ဓာတ်ပုံ- ရိုက်တာ)"]

[/caption]
ဒီ ဖြတ်တောက်လိုက်တဲ့ ၀န်ထမ်း ၃၀ ထဲမှာ ဘီဘီစီ စကော့တလန်က ၀န်ထမ်းနေရာ ၉ နေရာလည်း ပါဝင်နေပါတယ်။ ဒီအတွက် ရုပ်သံနဲ့ ရေဒီယို အစီအစဉ်ထုတ်လွှင့်မှု တွေကို အနှောင့်အယှက် ဖြစ်စေမှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ အစီအစဉ်တွေ အပြီးမှာ အလုပ်ဖြတ်တောက်မှုအတွက် အမျိုးသားသတင်းထောက်သမဂ္ဂ အတွင်းရေးမှူးက အဖွဲ့ဝင်တွေကို အလုပ်မဖြတ်တောက်ဖို့ အရေးယူလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဘီဘီစီပြောခွင့်ရကလည်း အဖြုတ်ခံရတဲ့သူတွေက ဘယ်လောက်ခက်ခဲ စိတ်တိုနေမလဲ ဆိုတာကို နားလည်တယ်လို့ ပြောပါတယ်။ ၂၀၀၄ ကတည်းက ဘီဘီစီက အလုပ်အကိုင် ၇ ထောင်လောက် ဖြတ်တောက်ခဲ့ပြီးတော့ အဖြုတ်ခံရတဲ့သူတွေအတွက် ၆ လ ဆိုင်းငံ့ထားဖို့ တောင်းဆိုတယ်လို့ အမျိုးသားသတင်းထောက်သမဂ္ဂ ပြောခွင့်ရက ပြောပါတယ်။
ဘီဘီစီကလည်း ၅ နှစ်အတွင်း အရည်အသွေးဦးစားပေး အစီအစဉ်အတွက် အလုပ်အကိုင် ၂ ထောင်လောက် ဖြုတ်ချဖို့ ရှိနေပါတယ်။