မုံရွာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ၁၀၀၀ ကျပ်တန်များ စတင်လဲလှယ်ပေးနေ
Aung Ko Latt
·
January 7, 2020
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ မြန်မာ့စီးပွားရေးဘဏ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူတွေကို ဇန်နဝါရီ ၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်ကနေ စတင်ကာ လဲလှယ်ပေးနေပြီဖြစ်ပါတယ်။
တဦးကို ၁ ရွက်နှုန်းနဲ့ အမည်၊ နေရပ်လိပ်စာ အပြည့်အစုံရေးဖြည့်ပြီး လှဲလှယ်ပေးနေတာ ဖြစ်ပါတယ်။ မုံရွာခရိုင်အတွင်းက တခြားမြန်မာ့စီးပွားရေးဘဏ်ခွဲ ၇ ခုမှာလည်း လဲလှယ်ပေးသွားမယ်လို့ သိရပါတယ်။
တခြားဘဏ်ခွဲတွေကတော့ လုံခြုံရေးအပြည့်နဲ့ လာရောက်ထုတ်ယူနေကြပါတယ်။ အခုလို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ေငွစက္ကူအသစ် စတင်ကိုင်တွယ်ခွင့်ရတဲ့အ ပေါ်မှာတော့ ကျေးဇူးတင်ကျေနပ်ဝမ်းမြောက်နေကြပါတယ်။
အရင်ကလည်း ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်၊ ၁၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၁၀၀ ကျပ်တန်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို စစ်ဝတ်စုံ၊ မြန်မာ့ဝတ်စုံနဲ့ ထုတ်ဝေခဲ့ဖူးပါတယ်။
အလားတူပဲ ကျန်တဲ့ ငွေစက္ကူတွေကိုလည်း တိရစ္ဆာန်တွေအစား ကျက်သရေရှိတဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ပြောင်းလဲပေးစေချင်တယ်လို့ လာရောက်လဲလှယ်သူတွေက ပြောဆိုခဲ့ပါတယ်။