လွှတ်တော်အစည်းအဝေးများ ဇန်နဝါရီ ၂၇ ရက်နေ့ ပြန်စမည်
DVB
·
January 7, 2020
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပါအဝင် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ ပြန်လည်ခေါ်ယူမယ်လို့ ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၁၄ ကြိမ်မြောက်လွှတ်တော်ပုံမှန်အစည်းအဝေးဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ပြီးဆုံးခဲ့ပြီးနောက် အခု ၁၅ ကြိမ်မြောက် အစည်းအဝေးကျင်းပဖို့ခေါ်ယူတာပါ။
ဒါဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေဖြစ်လာမှာ ဖြစ်ပြီး၊ အခုလွှတ်တော်အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထပ်ဆွေးနွေးဖွယ်ရှိနေပါတယ်။