လေပြင်းကြောင့် သစ်ပင်ကြီးလဲကျမှုမှ တူရကီအမျိုးသား ၂ ဦး လွတ်မြောက်ခဲ့ (ရုပ်သံ)
DVB
·
January 6, 2020
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဒီဇင်ဘာ ၃၀ ရက်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် သစ်ပင်တွေအမြစ်ကနေ လှန်ပြီး ကားတွေပါပျက်စီးခဲ့ရပါတယ်။
နိုင်ငံရဲ့အကြီးဆုံးမြို့မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို စီစီတီဗွီမှတ်တမ်းတွေကတဆင့်မြင်တွေ့ခဲ့ ရပြီး မှတ်တမ်း ဗီဒီယိုတချို့မှာ သစ်ပင်တပင်ကားတွေပေါ်လဲကျခဲ့ရာကနေ အမျိုးသား ၂ ယောက် အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ရတဲ့ အခိုက်အတန့်တခုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အနည်းဆုံးကား နှစ်စီးလောက် ဆိုးဆိုးရွားရွားပျက်စီးခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက် မီးသတ်တပ်ဖွဲ့ဝင်တွေက လဲကျသွားတဲ့သစ်ပင်ကို လာရောက်ဖယ်ရှားခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေကပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ထိခိုက်သေဆုံးမှုမျိုးတော့ မရှိခဲ့ပါဘူး။