ဧရာဝတီမြစ် ဖြတ်ကူးနေသည့်သမင်အား ကယ်ဆယ်ပြီး တိရစ္ဆာန်ရုံ ပေးအပ်
DVB
·
January 6, 2020
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီးမီးခုံဆိပ်ကမ်း အောက်ဘက် ၆ မိုင်အကွာ အလယ်ရွာစားကြူးအနီးမှာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်း ဖြတ်ကူးနေတဲ့ သမင်တကောင်အား ကယ်ဆယ်ပြီး တိရစ္ဆာန်ရုံသို့ ပေးအပ်ခဲ့ပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက ပုဂံကနေ မန္တလေးသို့ ပြန်လာတဲ့ ဇွဲမျိုးထူးအောင် (၁) နိုင်ငံခြားခရီးသည်တင် ရေယာဉ်ပေါ်က ဝန်ထမ်းတွေ တွေ့ရှိကယ်ဆယ်ခဲ့ပြီး မန္တလေးကို ခေါ်ဆောင်လာတာဖြစ်ကြောင်း ရေယာဉ်အသင်းရဲ့ တာဝန်ရှိသူ ဦးခင်မောင်ကြည်က ပြောပါတယ်။
အဲ့ဒီနောက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့အတူ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို သွားရောက်ပို့ဆောင်ခဲ့ပါတယ်။
သမင်မှာ အမ ဖြစ်ပြီး အလျား ၃ ပေခွဲ၊ အမြင့် ၂ ပေ၊ ဝမ်းဗိုက်လုံးပတ် ၂ ပေ ရှိတယ်လို့ သိရပါတယ်။